Writen by
Tachileik News Agency
2:29 AM
-
0
Comments
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်နဲ့အဖွဲ့က မိုင်းဆတ်မြို့နယ်နဲ့ မိုင်းခုတ်မြို့နယ်ခွဲမှာရှိတဲ့ ရေအားလျှပ်စစ်စက်ရုံကို သွားရောက်ခဲ့ကြပြီး (၂၄)နာရီမီးရရှိရေးအတွက် ကြည့်ရှု့လေ့လာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။လျှပ်စစ်ဝန်ကြီးအပါအ၀င် ပြည်ခိုင်ဖြိုးပါတီမှ မိုင်းဆတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ မိုင်းဆတ်ခရိုင်ပါတီအတွင်းရေးမှူး ဦးရှဲလော၊ မိုင်းဖြတ်ခရိုင်ပါတီကော်မတီဝင် ဦးဘိုစံ၊ တာချီလိတ်မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊
ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးသိန်းဌေး၊ တွဲဖက်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအောင်ဆန်း နဲ့ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း အပါအ၀င် ဌာနဆိုင်ရာတို့က မိုင်းဆတ်မြို့နယ်နဲ့ (၂၁)မိုင်အကွာဝေးတဲ့ မိုင်းခုတ်မြို့နယ်ခွဲက (၂၄)နာရီ မီးရရှိစေရေးအတွက် ရည်ရွယ်ပြီး တည်ဆောက်နေလျှက်ရှိတဲ့ ရေအားလျှပ်စစ်စက်ရုံကို မိနစ်(၂၀)အကြာ လမ်းလျှောက်သွားကြပြီး လျှပ်စစ်မီးပေးနိုင်မှု အခြေအနေများကို တိုင်ပင်အကြံပြုဆွေးနွေးခဲ့ကြပါတယ်။
ဆက်လက်ပြီး ပြည်နယ်လျှပ်စစ်ဝန်ကြီး နဲ့ အဖွဲ့က မိုင်းဆက်မြို့ကို ပြန်လည်သွားရောက်ပြီး မိုင်းဆတ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူးနဲ့ဝန်ထမ်းများကို တွေ့ဆုံပြီးနောက် မိုင်းဆတ်မြို့နယ်မှ ပြန်လည်ထွက်ခွာလာပြီး မိုင်းတွင်းတောင်ပေါ်ကျေးရွာအုပ်စုရှိ "ပူနားကို" ရေအားလျှပ်စစ်တည်ဆောက်မဲ့နေရာကို သွားရောက်ရာ ဦးအားချန်က မိုင်းတွင်းတောင်ပေါ်အုပ်စုကို (၂၄)နာရီ လျှပ်စစ်မီး ရရှိရေးအတွက်ရေအားလျှပ်စစ် တည်ဆောက်မဲ့အခြေအနေ နဲ့ လုပ်သား(၁၀၀)ဦးနဲ့အတူ နေ့စဉ်လုပ်ဆောင်နေမှု၊ လျှပ်စစ်စက်ရုံနဲ့ ပတ်သက်တဲ့ စက်ပစ္စည်းများရောက်ရှိမူများ အပြင် မေလထဲမှာ စတင်ပြီး မီးလင်းရန်အတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ၀န်ကြီးနဲ့အဖွဲ့ အကြံပြုဆွေးနွေးခဲ့ကြပြီး ၎င်းတို့အဖွဲ့က တာချီလိတ်မြို့ကို ပြန်လည်ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။


Social Buttons