Latest News

Dropdown Menu

Sunday, February 24, 2013

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းရုံးဖွင့်လှစ်

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းရုံးကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၂၅)ရက်နေ့ နံနက်(၇း၂၈)နာရီက ဖွင့်ပွဲအဖြစ် ပြုလုပ်ခဲ့ကြပါတယ်။

ဖဲကြိုးဖြတ် ဖွင့်ပွဲကို မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဌဖြစ်သူ စာရေးဆရာ လယ်တွင်းသား စောချစ်၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနဲ့ တာချီလိတ်မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်းတို့က ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ ဖွင့်ပွဲကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာများအပါအ၀င် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ နဲ့ တိုင်းရင်းသားများလည်း တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။

{စာရေးဆရာ လယ်တွင်းသား စောချစ်မှ အမှာစကားပြောကြားစဉ်}

ဖဲကြိုးဖြတ်မဖွင့်လှစ်မီမှာ  မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဌ စာရေးဆရာ လယ်တွင်းသား စောချစ် နဲ့ စာရေးဆရာ နေ၀င်းမြင့် တို့က အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာ မောင်ဖိုးစံ-ဒူးယား(ရဲအုပ် စံသိန်း) တို့က ကျေးဇူးတင်စကားပြောကြားခဲ့ကြပါတယ်။ စာရေးဆရာ လယ်တွင်းသား စောချစ် နဲ့ စာရေးဆရာ နေ၀င်းမြင့်တို့မှ အဖွင့်အမှာစကားပြောကြားသွားသည့်အနက် "တာချီလိတ်မြို့နယ်စာရေးဆရာအသင်းရုံးလို ခမ်းနားထည်ဝါမှုမျိုး ဘယ်မှာမှ မရှိသေးကြောင်း နဲ့ စာပေ၀ါသနာရှင်များအတွက် အကောင်းဆုံးဖြစ်အောင် စာကြည့်တိုက် အတွက် ဆောင်ရွက်စေလိုကြောင်း" ပြောကြားသွားတာကို ကြားသိခဲ့ရပါတယ်။


{စာရေးဆရာ နေ၀င်းမြင့် အမှာစကားပြောကြားစဉ်}

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းရုံးကို ဆောက်လုပ်ရန်အတွက် ၂၀၁၂ခုနှစ်
 ဖေဖော်ဝါရီလ(၁၆)ရက်နေ့က စတင်ပန္နက်ရိုက်ခဲ့တာဖြစ်ပြီး ၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၁၆)ရက်နေ့မှာ ဆောက်လုပ်မှုပြီးစီးခဲ့ရာ ကုန်ကျငွေမှာ ငွေကျပ်(၂၇၅)သိန်းကုန်ကျခဲ့ကြောင်း သိရပါတယ်။

ပုံများကိုကြည့်ရန်
« PREV
NEXT »