Writen by
Tachileik News Agency
8:50 AM
-
0
Comments
၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၇)ရက်နေ့ ည(၇)နာရီက တာချီလိတ်မြို့ ဂေါက်ကွင်းဘေးရှိ လင်းကမ္ဘာစားသောက်ဆိုင်မှာ လားဟူနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ကြက်တောင်ရိုက်ပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားနှင့် ညစာ စားပွဲကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။အခမ်းအနားတွင် တာချီလိတ်ကြက်တောင်ဆပ်ကော်မတီ ဥက္ကဌ ဦးစိုင်းဆိုင်ကျောက်မှ
နှုတ်ခွန်းဆက်ကျေးဇူးတင်စကားကို ပြောကြားပြီး ပြိုင်ပွဲပြုလုပ်ပေးသော Main Sponer ဖြစ်သည့် လားဟူတိုင်းရင်းသား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးအား ဦးစိုင်းဆိုင်ကျောက်မှ ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါတယ်။
ပြိုင်ပွဲကို ဖေဖော်ဝါရီ(၄)ရက်မှ (၆)ရက်နေ့ထိသတ်မှတ်ခဲ့တာဖြစ်ပြီး ဆုပေးပွဲကိုတော့ ယနေ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အသင်းလိုက်ပြိုင်ပွဲတွင် တာလော့အသင်းမှ ပထမဆု၊ ဆန်ဆိုင်းအသင်းမှ ဒုတိယဆု နှင့် ၀မ်ကောင်းအသင်းမှ တတိယဆု အသီးသီးရရှိသွားကြပါတယ်။ ဆက်လက်ပြီး (၅၀)နှစ်အထက် ကျား(၂)ယောက်တွဲပြိုင်ပွဲ၊ အလွတ်တန်း ကျား(၂)ယောက်တွဲပြိုင်ပွဲ နှင့် အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲ စသည့် ပြိုင်ပွဲအသီးသီးတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသွားသူများကိုလည်း ဆုချီးမြှင့်ခဲ့ကြပါတယ်။
ဆုချီးမြှင့်ရာတွင် လားဟူတိုင်းရင်းသားများကိုယ်စား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ပြည်ခိုင်ဖြိုးပါတီမှ မိုင်းဖြတ်ခရိုင်ကော်မတီဝင် ဦးဘိုစံတို့က ဆုအသီးသီးချီးမြှင့်ခဲ့ကြတာဖြစ်ပါတယ်။
ပုံများကိုကြည့်ရန်





Social Buttons