Latest News

Dropdown Menu

Thursday, February 7, 2013

တာချီလိတ်မြို့တွင် (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား)အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲကို တာချီလိတ်မြို့ရှိ မိုးလုံလေလုံ အားကစားရုံထဲမှာ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၇)ရက်နေ့ ညနေက ကျင်းပခဲ့တာဖြစ်ပါတယ်။


အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဘုရင့်နောင်ဈေးအသင်းနှင့် အာခါလူငယ်အသင်းတို့ ယှဉ်ပြိုင်ကြရာမှာ အာခါလူငယ်အသင်းက အနိုင်ယူဗိုလ်စွဲသွားခဲ့ကြပါတယ်။ နှစ်သင်းလုံး အကြိတ်အနယ် ယှဉ်ပြိုင်ကြရာမှာ ဘုရင့်နောင်ဈေးအသင်းမှ ကစားသမားတစ်ဦး လက်အရိုးထိ၍  ဆေးခန်းပို့လိုက်ရကြောင်း သိရှိရပါတယ်။

 

 ပြိုင်ပွဲတွင် ဆုရလာဒ်အဖြစ် ပထမဆုကို ငွေကျပ် တစ်သိန်းခွဲ၊  ဒုတိယဆုကို ကျပ်ငွေတစ်သိန်းဖြစ်ပြီး တစ်ဦးချင်းစီဆုကိုတော့ အ.ထ.က(တာချီလိတ်) ကျောင်းအုပ်ဆရာကြီး ဦးလှဝင်းနှင့် စိုက်ပျိုးရေး ခရိုင်မန်နေဂျာ တို့က ချီးမြှင့်တာဖြစ်ပြီး ပထမဆုရရှိသော အာခါလူငယ်အသင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ဒိုင်းဆု ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲသို့ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ အားကစားဝါသနာရှင်များ လာရောက်အားပေးခဲ့ကြတာကိုတွေ့ရပါတယ်။

ပုံများကိုကြည့်ရန်
« PREV
NEXT »