Writen by
Tachileik News Agency
5:10 AM
-
0
Comments
တာချီလိတ်မြို့ "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"အဖွဲ့ကြီးမှ "ဇီဝက"အခမဲ့ဒါန ဆေးကုသခန်းကို ယနေ့နံနက်(၉း၃၀)က ၀မ်ကောင်းရပ်ကွက်၊ ဘုရင့်နောင်ဈေးတိုက်တန်းရှိ တိုက်ခန်းမှာ ဖွင့်ပွဲအဖြစ်ပြုလုပ်ရာ ရွှေည၀ါဆရာတော်က ကြွရောက်ပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။အခမဲ့ဒါန ဆေးကုသခန်း ဖွင့်လှစ်လိုက်တာနဲ့ ပတ်သက်ပြီး "အခုလို အခမဲ့ဆေးကုသခန်း ဖွင့်ထားတယ်ဆိုတော့ မရှိနွမ်းပါး ပြည်သူတွေအတွက် ၀မ်းသာစရာပေါ့၊ တစ်ခုတော့ ရှိတာပေါ့နော်၊ ဇီဝက အခမဲ့ဒါန ဆေးခန်းကို သွားပြချင်တယ်ဆိုရင်တော့ သူတို့ ဖွင့်တဲ့နေ့နဲ့ ကုပေးတဲ့ အချိန်အတွင်းမှာ သွားမှ ရမှာပေါ့၊ ဘာပဲဖြစ်ဖြစ် အခုလို အခမဲ့ဆေးကုသခန်း ထွက်ပေါ်လာတာ အားလုံးအတွက် ၀မ်းသာစရာပါ"လို့ ၀မ်ကောင်းရပ်ကွက်အတွင်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"အဖွဲ့ကြီးမှာ "တရားပွဲဖြစ်မြောက်ရေးအဖွဲ့"၊ "မေတ္တာရှင် သာရေး နာရေး ကူညီမှုအသင်း" နဲ့ ယခုဖွင့်လိုက်တဲ့ "ဇီဝက"အခမဲ့ဒါန ဆေးကုသခန်း ဆိုပြီး အဖွဲ့သုံးဖွဲ့ ခွဲ့ကာ လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ကြီးဖြစ်ကြောင်း သိရပါတယ်။
ပုံများကိုကြည့်ရန်
"ဇီဝက"အခမဲ့ဒါန ဆေးကုသခန်းဖွင့်ပွဲကို ရွှေညဝါဆရာတော်မှ ကြွရောက်ဖွင့်လှစ်
21 photos
Social Buttons