Writen by
Tachileik News Agency
11:54 AM
-
0
Comments
မတ်လ(၁)ရက်နေ့ ညပိုင်းက မဇ္ဈိမလူမှုကူညီရေးအသင်း နဲ့ ၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေး ကုမ္ပဏီတို့က ပြုလုပ်ကျင်းပတဲ့ စာပေဟောပြောပွဲမှာ ဆရာ ချစ်ဦးညို၊ ဆရာ မောင်သာချို နဲ့ ဆရာ ညီမင်းညိုတို့က ဟောပြောသွားခဲ့ကြတာဖြစ်ပါတယ်။{ ဆရာ ချစ်ဦးညို မှ ဂုဏ်ပြုပေးအပ်}
{ ဆရာ မောင်သာချို မှ ဂုဏ်ပြုပေးအပ်}
{ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး မှ ဂုဏ်ပြုပေးအပ်}
{ ဆရာ ညီမင်းညို မှ ဂုဏ်ပြုပေးအပ်}
{ မဇ္ဈိမ လူမှုကူညီရေးအသင်း ဦးတင့်ဆွေမှ ဂုဏ်ပြုပေးအပ်}
ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ရာမှာ ယနေ့ ဟောပြောတဲ့ စာရေးဆရာများဖြစ်တဲ့ ဆရာချစ်ဦးညို၊ ဆရာ မောင်သာချို နဲ့ ဆရာညီမင်းညို အပါအ၀င် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နဲ့ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေတို့က ပေးအပ်ခဲ့ကြတာဖြစ်ပါတယ်။ ဂုဏ်ပြုလက်ဆောင်ကို မဇ္ဈိမလူမှုကူညီရေးအသင်း နဲ့ ၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေး ကုမ္ပဏီတို့အပြင် စေတနာရှင်များက စုပေါင်းပြီး အခုလို ချီးမြှင့်တာဖြစ်ပါတယ်။ ဆက်လက်ပြီး ဟောပြောပွဲကို ကျင်းပရာ ဆရာညီမင်းညို၊ ဆရာ မောင်သာချို နဲ့ ဆရာ ချစ်ဦးညိုတို့က အလှည့်ကျဟောပြောခဲ့ကြပါတယ်။
မတ်လ(၂)ရက်နေ့ နဲ့ မတ်လ(၃)ရက်နေ့များမှာလည်း စာရေးဆရာများဖြစ်တဲ့ ခင်မောင်ညို(ဘောဂဗေဒ)၊ ဦးဘုန်း(ဓါတု)၊ မောင်စိန်ဝင်း(ပုတီးကုံး)၊ ဒေါက်တာထွန်းလွင်(မိုးလေ၀သ) နဲ့ အကယ်ဒမီ ဆွေဇင်ထိုက်တို့က ဟောပြောသွားမှာဖြစ်ပါတယ်။
ပုံများကိုကြည့်ရန်
Social Buttons