Latest News

Dropdown Menu

Saturday, March 2, 2013

ဝမ်ကောင်းရပ်ကွက် ပရဟိတ လူငယ်များအဖွဲ့က နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း သိရ

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ ဓမ္မာရုံ(ရပ်ကွက်ရုံးဘေး)မှာ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံသင်တန်းကို ၂၀၁၃ခုနှစ် မတ်လ(၄)ရက်နေ့မှ မေလ(၁၆)ရက်နေ့ထိ ပို့ချမှာဖြစ်ကြောင်း သိရပါတယ်။

သင်တန်းဆရာများရဲ့ ရည်ရွယ်ချက်ကတော့ နွေရာသီကျောင်းပိတ်ရက်ကာလမှာ လူငယ် လူရွယ်များအနေနဲ့ အချိန်ကို အလဟဿမဖြစ်စေဖို့နဲ့ အသိပညာတိုးပွားစေရေးကို ရည်ရွယ်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံသဘောတရားများ၊ ယဉ်ကျေးလိမ္မာ အသိတရားများကို သင်ကြားပို့ချပေးဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။


အခု သင်ကြားပို့ချပေးမဲ့ သင်တန်းဆရာများကတော့ ၀မ်ကောင်းရပ်ကွက် ပရဟိတ လူငယ်များအဖွဲ့ကဖြစ်ပြီး အဆိုပါအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ကျောင်းဖွင့်ကာလများမှာလည်း ကျောင်းပိတ်ရက်ဖြစ်တဲ့  တနင်္ဂနွေနေ့ ညနေတိုင်းမှာ အခုလို သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ မတ်လ(၄)ရက်နေ့မှ မေလ(၁၆)ရက်နေ့ထိ သင်ကြားပေးရာမှာ သင်တန်းချိန်ကိုတော့ ညနေ(၆)နာရီမှ (၈)နာရီထိ သတ်မှတ်ထားပြီး မည်သူမဆို အဆိုပါသင်တန်းသို့ စာရင်းပေးသွင်းကာ လာရောက် သင်ကြားနိုင်ကြောင်းလည်း  သိရပါတယ်။ အခုလောလောဆယ်မှာတော့ လူဦးရေ(၅၀)ကျော်သွားပြီလို့လည်း သိရပါတယ်။
« PREV
NEXT »