Writen by
Tachileik News Agency
3:20 AM
-
0
Comments
၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၂၈)ရက်နေ့က တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စုမှာ မှတ်ပုံတင်မပြုလုပ်ရသေးသူ(၂၉)ဦးကို မိုးပွင့်စီမံချက် အဆင့်(၄)အဖြစ် မှတ်ပုံတင်များကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။မှတ်ပုံတင်များကို နေ့ချင်းပြီးဆောင်ရွက်ပေးဖို့အတွက် တာချီလိတ် ခရိုင် လ၀က ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင် နဲ့ မြို့နယ်ဦးစီးမှူး ဦးသိန်းလွင် အပါအ၀င် ပြည်ခိုင်ဖြိုးပါတီမှ တာချီလိတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နဲ့ ခရိုင်ပါတီ ကော်မတီဝင်များဖြစ်ကြတဲ့ ဦးစိုင်းဆွမ်ဝန်း(ခ)ဦးစိုင်းမိုင်၊ ဦးလွန်းသူ၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း နဲ့ မြို့နယ်ကော်မတီဝင်များက အခုလို သွားရောက်ပြီး ဆောင်ရွက်ခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။
မိုင်းဖုန်း(က)ကျေးရွာအုပ်စုမှ ကျေးရွာသူ/သား (၂၉)ဦးကို နိုင်ငံသားစီစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးရာမှာ ခရိုင် လ၀က ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင်က " မိုးပွင့်စီမံချက် အဆင့်(၄)အထိ ပြီးစီးသွားပါပြီ၊ မိုးပွင့်စီမံချက် အဆင့်(၅)အနေနဲ့ ဝေးလံခေါင်းပါးတဲ့ ဒေသများအထိသွားရောက်ပြီး အခုလို နိုင်ငံသားမှတ်ပုံတင်များကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ကလည်း "မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ပြည်သူ့အသံကို အစဉ်အမြဲနားထောင်နေပြီး ပြည်သူတွေရဲ့ လိုအပ်ချက်များအပေါ် အစဉ်အမြဲ ကူညီဆောင်ရွက်လျှက်ရှိပါတယ်။ ဒီနေ့လို နေ့ချင်းပြီး မှတ်ပုံတင်များရရှိစေရေးအတွက် လွယ်လွယ်ကူကူလုပ်ဆောင် ခဲ့ကြတာမဟုတ်ပါဘူး။ သက်ဆိုင်ရာတွေ လ၀က အရာရှိတွေနဲ့ အတူ ပြည်ခိုင်ဖြိုးပါတီက တာဝန်ရှိသူတွေ နယ်မြေတာဝန်ခံတွေက ဒီဒေသကို အကြိမ်ကြိမ်လာရောက်ပြီး မှတ်ပုံတင်မရှိသေးတဲ့ လူတွေကို သေသေချာချာ စာရင်းပြုစုပြီး ကြိုတင်ပြုလုပ်ခဲ့ကြတာကြောင့် ဒီနေ့ နေ့ချင်းပြီး မှတ်ပုံတင်တွေကို ပေးအပ်နိုင်ခဲ့တာဖြစ်ပါတယ်။ နောက်နောင်မှာလည်း ဘယ်အခက်အခဲကိုမဆို အကူအညီလိုအပ်လာပါက အကူအညီ တောင်းခံနိုင်ပါတယ်"လို့ မှတ်ပုံတင်များကို နေ့ချင်းပြီး ဆောင်ရွက်ပေးတာနဲ့ ပတ်သက်ပြီး အခုလို ရှင်းလင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။
မိုးပွင့်စီမံချက် အဆင့်(၄)အရ မှတ်ပုံတင်မပြုလုပ်ရသေးသူများအတွက် ကြိုတင်ရှေ့ပြေးစာရင်းကို ၂၀၁၂ခုနှစ် နိုဝင်ဘာ(၁၆)ရက်နေ့ကစပြီး ကွင်းဆင်းလေ့လာ ကောက်ခံကြတာဖြစ်တယ်လို့ သိရပါတယ်။
Social Buttons