Writen by
Tachileik News Agency
10:47 PM
-
0
Comments
တာချီလိတ်မြို့ ပါလျှံ(၃)ရပ်ကွက်အတွင်းရှိ တည်းခိုခန်းတစ်ခုမှာ စိတ်ကြွရူးသွပ်ဆေးပြား (၁၁၆)ပြားကို မတ်လ(၂၇)ရက်နေ့ နေ့လည် (၂)နာရီခန့်က တရားခံနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရပါတယ်။
တာချီလိတ် မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ် ကျော်သူ ဦးစီးအဖွဲ့၊ ခမရ(၅၂၆) စစ်တပ်မှ ဗိုလ်ကြီး သန့်ဇော်လင်း ဦးစီးအဖွဲ့၊ ရပရ(မှုကူ)မှ ဒုရဲအုပ် အေးထွန်းသိန်း၊၊ တာချီလိတ်ရဲစခန်းမှ နယ်ထိန်း တပ်ကြပ်ကြီး အောင်စိုးမိုး၊ စရဖ မှ အောင်လင်းထွန်းတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ ပါလျှံ(၃)ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုရဲ့ အခန်းနံပါတ်(၂၁၆)ကို ၀င်ရောက်ရှာဖွေရာ အခန်းအတွင်း၌ တရားခံဟု သတ်မှတ်ထားသူ အသက်(၃၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တွေ့ရှိရပြီး အဆိုပါ အမျိုးသမီးထံ ရှာဖွေစစ်ဆေးရာမှာ ခါးမှာ ပတ်ထားတဲ့ အညိုရောင် ခါးပတ်အိတ်အတွင်းမှာ ပိုက်ဆံအိတ်ငယ်ဖြင့် ထည့်ထားတဲ့ Wy စာတန်းပါ ပန်းရောင် စိတ်ကြွဆေး(၁၁၆)ပြားနဲ့ ရေခဲ(မူးယစ်ဆေး) (၁၅)ဂရမ်တို့ကို တရားခံနဲ့အတူ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရပါတယ်။မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းဆီးရမိတဲ့ အသက်(၃၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား တာချီလိတ်(မူးယစ်)မှ ကွင်းဆက်ဖော်ထုတ်နိုင်ရန်အတွက် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။
Social Buttons