Writen by
Tachileik News Agency
10:00 AM
-
0
Comments
တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု ၀မ်ဟောင်ကျေးရွာမှာ မတ်လ(၂၅)နေ့ နေ့လည်(၁၁)နာရီက စိတ်ကြွရူးသွပ်ဆေးပြား (၁၃၂၀)ပြားနဲ့ ရေခဲ(မူးယစ်ဆေး) (၃.၅)ဂရမ်ကို တရားခံနဲ့အတူ ဖမ်းဆီးရမိကြောင်း သိရပါတယ်။
တာချီလိတ် မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ် ကျော်သူ ဦးစီးအဖွဲ့၊ ခမရ(၅၂၆) စစ်တပ်မှ ဗိုလ်ကြီး သန့်ဇော်လင်း ဦးစီးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့ ဒ/န ဒု-တပ်ကြပ် ဇော်နိုင်ထွန်း၊ တာချီလိတ်ရဲစခန်းမှ နယ်ထိန်း တပ်ကြပ်ကြီး အောင်စိုးမိုး၊ စရဖ မှ အောင်လင်းထွန်းတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မူးယစ်သတင်းအရ ၀မ်ဟောင်ကျေးရွာအတွင်းမှ အသက်(၄၃)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး၏နေအိမ်ကို ၀င်ရောက်ရှာဖွေစစ်ဆေးရာ ၎င်းတို့မှ တရားခံဟု သတ်မှတ်ထားသည့် အမျိုးသားမှာ အဆိုပါနေအိမ်အတွင်းမှာ အသင့်ရှိနေပြီး ဆက်လက်ရှာဖွေချက်အရ နေအိမ် အိပ်ခန်းအတွင်းရှိ အ၀တ်ထည့်သည့် ဗီဒိုအတွင်းမှာ အဖြူရောင် ပလပ်စတစ်ဗူး အတွင်းထည့်ထားပြီး အပြာရောင် ပလပ်စတစ်အိတ်များဖြင့် ထည့်လျက် WYစာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀)ပြားစီပါတဲ့ အထုပ်သေး(၆)ထုပ် နဲ့ (၁၂၀)ပြားပါတဲ့ အထုပ်သေး(၁)ထုပ် စုစုပေါင်း (၁၃၂၀)ပြား အပြင် အဖြူရောင် ပလပ်စတစ်အိတ်ငယ်ဖြင့်ထည့်လျက် အိုက်စ်(ရေခဲ)(၃.၅)ဂရမ် တို့ကို ရှာဖွေတွေ့ရှိရကြောင်း သိရပါတယ်။
ဆက်လက်ပြီး ရှာဖွေသိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးများကို ဒုရဲအုပ် အောင်ကျော်စိုး က ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး တရားခံကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။
Social Buttons