Writen by
Tachileik News Agency
3:53 AM
-
0
Comments
မတ်လ(၂၅)ရက်နေ့ နေ့လည်(၁)နာရီ မိနစ်(၂၀)က တာချီလိတ်မြို့ ပါလျှံ(၁)ရပ်ကွက်ထဲမှာ ကျပ်သိန်း(၁၆၉)ခန့် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား (၉၈၀၀)ပြားကို တရားခံနဲ့အတူ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
နေ့လည်(၁)နာရီ မိနစ်(၂၀)က တာချီလိတ် မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ် ကျော်သူ ဦးစီးအဖွဲ့၊ ခမရ(၅၂၆) စစ်တပ်မှ ဗိုလ်ကြီး သန့်ဇော်လင်း ဦးစီးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့ ဒ/န ဒု-တပ်ကြပ် ဇော်နိုင်ထွန်း၊ တာချီလိတ်ရဲစခန်းမှ နယ်ထိန်း တပ်ကြပ်ကြီး အောင်စိုးမိုး၊ စရဖ မှ အောင်လင်းထွန်းတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သက်သေများနဲ့အတူ ပါလျှံ(၁)ရပ်ကွက် ဆူကီတည်းခိုးခန်းအနီးမှာ လျှို့ဝှက်စောင့်ဆိုင်းနေစဉ် မူးယစ်ဆေးဝါးများကိုသယ်ယူလာမှာဖြစ်ကြောင်း သတ်မှတ်ခံထားရသူမှာ ဆိုင်ကယ်နဲ့ရောက်လာတာကိုတွေ့ရတဲ့အခါ ဖမ်းဆီးရန် လျှို့ဝှက်ကာ အသင့် စောင့်ဆိုင်းနေကြတဲ့ ပူးပေါင်းအဖွဲ့က ၀ိုင်းဝန်းပိတ်စို့ကာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးကို အဆိုပါအဖွဲ့တို့က ရှာဖွေစစ်ဆေးရာ လွယ်အိတ်အတွင်းမှာ အပြာရောင် ပလပ်စတစ်အိတ်များဖြင့် ထည့်လျှက် WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၀၀)ပြားစီပါတဲ့ (၄၉)ထုပ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၉၈၀၀)ပြားဖြစ်ရာ အလေးချိန်မှာ (၉၈၀)ဂရမ်ရှိပြီး ကာလတန်ဖိုးမှာ ကျပ်သိန်း(၁၆၉)သိန်းခန့်ရှိကြောင်း သိရပါတယ်။ ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားများကို ရဲအုပ် ကျော်သူ က ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြပြီး ဖမ်းဆီးရမိသူ အသက်(၄၅)နှစ်အရွယ် အမျိုးသားအား တာချီလိတ် မူးယစ်ရဲတပ်ဖွဲ့မှ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် စစ်ဆေးမှုများပြုလုပ်နေတယ်လို့ သိရပါတယ်။
Social Buttons