Writen by
Tachileik News Agency
6:39 AM
-
0
Comments
တာချီလိတ်ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့က ပူးပေါင်းဖွင့်လှစ်တဲ့ နွေရာသီအခြေခံ အားကစားသင်တန်းရဲ့ သင်တန်းဆင်းပွဲကို ဧပြီလ(၁၀)ရက်နေ့ (၁၅း၀၀)နာရီ အချိန်က ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
သင်တန်းဆင်းပွဲအခမ်းအနားမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနဲ့ သက်ဆိုင်ရာ ဌာနရှိ အကြီးအကဲများအပါအ၀င် သင်တန်းသား သင်တန်းသူများနဲ့ သင်တန်းတက်ရောက်သင်ကြားသူများရဲ့ မိဘများ လာရောက်ခဲ့ကြတာကို တွေ့ရပါတယ်။ သင်တန်းဆင်းပွဲမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက အမှာစကားပြောကြားသွားပြီး ခရိုင်တရားသူကြီး ဦးထိန်မင်း၊ မြို့နယ် တရားသူကြီး ဦးမိုးကျော်၊ စစစ ဦးစီးအရာရှိ ဦးသိန်းဇော်၊ တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး ဦးစိုင်းရွှေထွန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့က ဆုများအသီးသီးပေးအပ်ခဲ့ကြတာဖြစ်ပါတယ်။
နွေရာသီကာလမှာ ကျောင်းသားကျောင်းသူ ကလေးသူငယ်များအနေဖြင့် အချိန်ကို အလဟဿမဖြစ်စေရန်အတွက် အား/ကာ နဲ့ ပြည်ခိုင်ဖြိုးပါတီတို့ကနေပြီး ပူးပေါင်းဖွင့်လှစ်တဲ့ နွေရာသီအခြေခံ အားကစားသင်တန်းကို မတ်လ(၁၀)နေ့ကနေ စတင်သင်ကြားပို့ချခဲ့ကြတာဖြစ်ပြီး ဧပြီလ(၁၀)ရက်နေ့မှာ (၁)လတာ သင်တန်းပြီးမြောက်တာကြောင့် ယနေ့ နေ့လည်မှာ သင်တန်းဆင်းပွဲ ပြုလုပ်တာဖြစ်ကြောင်း သိရပါတယ်။
ယခုပြုလုပ်တဲ့ သင်တန်းမှာ ဘောလုံး၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ကာရာတေးဒို နဲ့ ပြိုင်ပွဲဝင် အေရိုးဗစ် အစရှိတဲ့ သင်တန်း(၅)မျိုးကို သင်ကြားပေးတာဖြစ်ပြီး သင်တန်းသားများအနေဖြင့် ကြက်တောင်(၃၀)ဦး၊ ဘောလုံး(၃၀)ဦး၊ ပြိုင်ပွဲဝင် အေရိုးဗစ်(၁၂)ဦး၊ စားပွဲတင် တင်းနစ်(၇)ဦး နဲ့ ကရာတေးဒို(၄၀)ဦး စုစုပေါင်း (၁၁၉)ဦး တက်ရောက် သင်ကြားခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။
ပုံများကိုကြည့်ရန်






Social Buttons