Writen by
Tachileik News Agency
3:17 AM
-
0
Comments
ဧပြီလ(၈)ရက်နေ့ နေ့လည်(၁)နာရီခန့်က တာချီလိတ်မြို့မှာ သင်္ကြန်ကာလအတွင်း ရေကစားနေကြ နေရာဖြစ်တဲ့ ပုန်းထွန်ချောင်းမှာ လူတစ်ဦး ရေနစ်သေဆုံးကြောင်း သိရပါတယ်။သေဆုံးသူသည် အသက်(၂၈)နှစ်အရွယ် မျိုးကျော်သူ(ခ)ရာဇာ ဖြစ်ကြောင်း သိရပြီး ၎င်းအနေဖြင့် အရက်မူးကာ ကျောက်ဆောင်ပေါ်မှ ရေထဲသို့ ဒိုင်ဗင်ထိုးအချ ရေထဲမှ ကျောက်တုံးနှင့် နဖူးသွားရိုက်မိပြီး နဖူးကွဲသွားကာ ရေထဲမှာပဲ သတိလစ်ပြီး ရေစီးကြောင်းအတိုင်း မျှောပါရင်း ရေမွမ်းသေဆုံးသွားဟန်ရှိကြောင်း ချောင်းအတွင်း
ရေကစားနေသူများက ဆိုပါတယ်။
ရေထဲမှာ နဖူးကွဲသွားပြီး သတိလစ်သွားကာ ရေစီးကြောင်းအတိုင်း ပါသွားခဲ့တာကြောင့် ဖြစ်ဖြစ်ချင်းမှာ ချောင်းအတွင်းရှိလုံခြုံရေး တာဝန်ရှိသူများက ရေထဲသို့ ဆင်း၍ရှာဖွေသော်လည်း တော်တော်နှင့်မတွေ့ရပဲ (၂၄)နာရီခန့်ကြာပြီးနောက် ယနေ့ နေ့လည်(၁)နာရီဝန်းကျင်မှာ သေဆုံးသူရဲ့ အလောင်းကို အဆိုပါချောင်းအတွင်းမှ ပြန်လည် ရှာဖွေတွေ့ရှိကာ ဆယ်ယူနိုင်ခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။
{13.4.2012က ရေနစ်သွားသူအား ရှာဖွေနေပုံ}
ယခု သေဆုံးသွားတဲ့နေရာဟာ ပြီးခဲ့သော ၂၀၁၂ခုနှစ် ဧပြီ (၁၃)ရက်နေ့က ကလေးလေးတစ်ယောက် ရေနစ်မျှောပါသေဆုံးသွားတဲ့ နေရာရဲ့ အနီးအနားမှာဖြစ်ကြောင်း သိရပါတယ်။ ရေနစ်သေဆုံးသူကို ရှာဖွေတွေ့ရှိပြီးနောက် ဆေးရုံသို့ သယ်ယူသွားကာ ရင်ခွဲစစ်ဆေးခြင်းများပြုလုပ်ပြီး သေဆုံးသူရဲ့ နာရေးကိစ္စကို တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကူညီဆောင်ရွက်ပေးမှာဖြစ်ပြီး နက်ဖြန်မှာ သင်္ဂြိုဟ်မှာ ဖြစ်ကြောင်းသိရပါတယ်။
လွန်ခဲ့သောတစ်နှစ်က ရေထဲမျှောပါသေဆုံးသွားတဲ့ ကလေးလေးအကြောင်းအား သရုပ်ဖော်ရေးသားထားတဲ့ ဆောင်းပါးအား ဖတ်ရှုလိုလျှင် ---> ရေထဲကျသွားတဲ့ မျက်ရည်
ပုံများကိုကြည့်ရန်
Update News: ( 10.4.2013)
မနေ့က ရေနစ်သေဆုံးသူ ကိုရာဇာ ဟာ ရေငုပ်ကျွမ်းကျင်သူဖြစ်ပြီး လွန်ခဲ့သော တစ်နှစ်က ပုန်းထွန်ချောင်းမှာ ရေနစ်သေဆုံးသွားတဲ့ ကလေးလေးရဲ့ အလောင်းကို ဆယ်ယူပေးခဲ့သူဖြစ်ကြောင်း သိရပြီး ၎င်းအနေဖြင့် ရေကူး ရေငုပ် ကျွမ်းကျင်သော်လည်း ယခုအခါမှာတော့ ကျောက်တုံးနဲ့ သွားရိုက်မိတဲ့ ဒဏ်ကြောင့် ရေထဲမှာ သတိလစ်ပြီး မျောပါသွားခဲ့တဲ့အပြင် ရှာဖွေတွေ့ရှိမှုနောက်ကျသွားတာကြောင့် အခုလို သေဆုံးရတာဖြစ်တယ်လို့ သေဆုံးသူရဲ့အသိမိတ်ဆွေများက ပြောပါတယ်။
ပုန်းထွန်ချောင်းမှာ ရေနစ်သေဆုံးသူဟာ နှစ်စဉ်လိုရှိနေပြီး အန္တရာယ်ရှိသည် ဆိုတဲ့ နေရာရဲ့ အထက်မှာ ဆိုင်ခန်းများ ဖွင့်လှစ်ပေးထားခြင်းကြောင့် စားသုံးသူများအနေနဲ့ ရေဆင်းကစားရာကနေ အခုလို မဖြစ်သင့်တာတွေဖြစ်တာလို့လည်း ဆိုပြန်ပါတယ်။
Tachileik Online Newsပုန်းထွန်ချောင်းမှာ ရေနစ်သေဆုံးသူဟာ နှစ်စဉ်လိုရှိနေပြီး အန္တရာယ်ရှိသည် ဆိုတဲ့ နေရာရဲ့ အထက်မှာ ဆိုင်ခန်းများ ဖွင့်လှစ်ပေးထားခြင်းကြောင့် စားသုံးသူများအနေနဲ့ ရေဆင်းကစားရာကနေ အခုလို မဖြစ်သင့်တာတွေဖြစ်တာလို့လည်း ဆိုပြန်ပါတယ်။


Social Buttons