Writen by
Tachileik News Agency
9:09 AM
-
0
Comments
တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စုထဲမှာရှိတဲ့ စက်မှုဇုံနယ်မြေမှာ ယခင်က သိမ်းဆည်းထားတဲ့ လယ်ယာမြေများနဲ့ ပတ်သက်ပြီး စက်မှုဇုံအတွက် အသုံးမပြုပဲ လစ်လပ်နေတဲ့ လယ်ယာမြေများကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ဖို့အတွက် စုံစမ်းရေးကော်မရှင်အဖွဲ့မှ လွှတ်တော်မှာ တင်ပြထားကြောင်းကို ဟောင်လိတ်ကျေးရွာအုပ်စု ၀မ်ဟောင်ဘုန်းကြီးကျောင်းထဲမှာ ယနေ့ ညနေ(၃)နာရီခန့်က လယ်ယာမြေပိုင်ရှင်များနဲ့ တွေ့ဆုံကာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။{လယ်ယာမြေကိစ္စအတွက် တွေ့ဆုံနေစဉ်}
လယ်ယာမြေနှင့် အခြားမြေ စုံစမ်းစစ်ဆေးရေးကော်မရှင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အဖွဲ့ခေါင်းဆောင် မိုင်းပြင်း မဲဆန္ဒနယ်မှ ( ပြည်ခိုင်ဖြိုးပါတီ ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် မှ လာရောက်ပြီး လယ်ယာမြေပိုင်ရှင်များနဲ့ အခုလို တွေ့ဆုံရာ လယ်ယာမြေ ကိစ္စများအတွက် အစီရင်ခံစာကို လွှတ်တော်မှာ တင်ထားပြီဖြစ်ကြောင်း၊ လွှတ်တော်က အတည်ပြုပြီးတာနဲ့ ချက်ချင်းပေးအပ်မှာဖြစ်ကြောင်းနဲ့ ပြန်လည်ရရှိဖို့ သေချာပြီဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
တာချီလိတ် စက်မှုရပ်ကွက်မြေအဖြစ် လွန်ခဲ့သော (၂၀၀၁)ခုနှစ်က ခွင့်ပြုမိန့်ရထားတဲ့ မြေဧရိယာ (၆၀၁.၅၄)ဧကထဲမှာ လယ်မြေဧရိယာ(၁၇၂.၄၆)ဧက၊ ယာမြေဧရိယာ(၈၃.၀၄)ဧက၊ အခြားမြေနှင့်မြေလွတ်ဧရိယာ(၃၄၆.၀၄)ဧက ပါဝင်တာဖြစ်ပြီး စက်မှုဇုံနယ်မြေအတွက် အသုံးမပြုတော့ပဲ ကျန်ရှိနေတဲ့ ဧက(၃၄၁.၀၈) နဲ့ လွယ်ဆန်ဆောဟုန်ပန်းကုမ္ပဏီက ပြုလုပ်မဲ့ ပလပ်စတစ်စက်ရုံ ဧရိယာအတွက် ပေးထားတဲ့ ဧက(၁၀၀)ထဲမှ ကျန်ရှိနေတဲ့ ဧကများကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

Social Buttons