Writen by
Tachileik News Agency
4:54 AM
-
0
Comments
ယနေ့ညနေ (၃း၃၀)နာရီက တာချီလိတ်မြို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမမှာ လူကုန်ကူးခံရသူများ စောင့်ရှောက်ပေးရေးဆိုင်ရာ ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကိုပြုလုပ်ကျင်းပခဲ့ကြောင်း သိရပါတယ်။
ဧပြီလ(၃)ရက်မှ (၄)ရက်နေ့ထိ (၂)ရက်သာ သင်ကြားပို့ချပေးခဲ့ကြတဲ့ သင်တန်းတွေကတော့ လူကုန်ကူးခံရသူများကို စိစစ်သတ်မှတ်ခြင်း၊ လူကုန်ကူးခံရသည့် ကလေးများအား စောင့်ရှောက်ခြင်း၊ လူကုန်ကူးခံရတာနဲ့ပတ်သက်တဲ့ ကျင့်ဝတ်များ၊ အခွင့်အရေးများ၊ လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေး၊ ၀င်ဆံ့ပေါင်းစည်းရေး နဲ့ ထူထောင်ရေးကိစ္စများ၊ အမျိုးသမီးရေးရာအဖွဲ့ရဲ့ အခန်းကဏ္ဍနှင့် တာဝန်ယူ လုပ်ဆောင်ချက်များ၊၊ လူကုန်ကူးမှုနဲ့ သက်ဆိုင်တဲ့ ဥပဒေအကြောင်းအရာများ နဲ့ တရားစွဲဆိုရေး ကိစ္စရပ်များ၊ လူဝင်မှုကြီးကြပ်ရေး၏ ကဏ္ဍနှင့် တာဝန်ယူလုပ်ဆောင်ချက်များနဲ့ အလုပ်သမားပြောင်းရွေ့နေထိုင်ခြင်း မူဝါဒ တို့ကို သင်ကြားခဲ့တာဖြစ်ပြီး အဆိုပါ သင်တန်းတွေကိုတော့ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ကြည်ကြည်ဝေ၊ တာချီလိတ် လူကုန်ကူး တားဆီးနှိမ်နင်းရေး အထူးတပ်ဖွဲ့၊ ခရိုင်တရားသူကြီး၊ လူဝင်မှုကြီးကြပ်ရေးဌာန နဲ့ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန တို့က သင်ကြားပေးတာပဲဖြစ်ပါတယ်။
ပုံများကြည့်ရန်



Social Buttons