Latest News

Dropdown Menu

Sunday, May 12, 2013

မိုင်းဆတ်မြို့၌ ကလေးဗဟိုပြု သင်ယူမှုချဉ်းကပ်နည်း မြို့နယ်အဆင့်သင်တန်းဖွင့်


ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် ကလေးများကိုယ်တိုင် စဉ်းစားတွေးခေါ်ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေပြီး၊  အရည်အသွေးမြင့်မားသည့် ကျောင်းသား ကျောင်းသူလေးများ၊ ထူးချွန်ထက်မြက်တဲ့ ကြယ်ပွင့်လေးများ၊ အနာဂတ်တွင် နိုင်ငံ့အတွက် အားထားရသည့် သားကောင်းသမီးမွန်များ ဖြစ်စေရေးတို့အတွက် ကလေးဗဟိုပြုသင်ယူမှုချဉ်းကပ်နည်း မြို့နယ်အဆင့် ပထမအကြိမ်သင်တန်းဖွင့်ပွဲကို မေ ၁၂ ရက်၊ နံနက် ၈ နာရီခွဲက အထက-မိုင်းဆတ်၊ သံလွင်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။




အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဆွေ တို့က အဖွင့်အမှာစကားပြောကြားသည်။ အဆိုပါ သင်တန်းတွင် ပြည်နယ်အဆင့် နည်းပြသင်တန်းဆင်း ဆရာ၊  ဆရာမ (၉)ဦးက ပြန်လည်သင်ကြားပို့ချမည်ဖြစ်ပြီး၊ သင်တန်းသို့   အခြေခံပညာမူလတန်းကျောင်း (၄၈)ကျောင်းမှ မူလတန်းအဆင့်သင်  ဆရာ၊ ဆရာမ (၁၂၆)ဦး တက်ရောက်သင်ကြားမည်ဖြစ်သည်။ သင်တန်းကာလမှာ ၁၂-၅-၂၀၁၃ ရက်နေ့မှ ၂၃-၅-၂၀၁၃ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းပေးပို့သူ။  ။ ဝေယံလင်းလက်(မိုင်းဆတ်)




« PREV
NEXT »