Writen by
Tachileik News Agency
9:12 PM
-
0
Comments
တာချီလိတ်မြို့နယ် တာလော့အခြေခံပညာမူလတန်းလွန်ကျောင်းတွင် မေလ(၄)ရက်နေ့ နံနက်(၈း၃၀)နာရီက ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဆရာ ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အပိုင်း(၁)သင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ တာချီလိတ်မြို့နယ် ပညာရေးမှူး ဦးစိန်ထွန်းလှ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ညွှန်ကြားရေးမှူးရုံး(ခွဲ)မှ ဦးစီးအရာရှိ(စီမံ)ဦးတင့်ဆွေ နှင့် ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဆရာမကြီးများနှင့် မြို့နယ်အတွင်းရှိ ဆရာ ဆရာမများ တက်ရောက်လာခဲ့ကြတာကို တွေ့ရှိရသည်။သင်တန်းဖြစ်မြောက်ရေးအတွက် ယူနီဆက်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံပညာနှင့် ကျားမခွင့်တူညီမျှရေး အစီအစဉ်က ဦးဆောင်ဖွင့်လှစ် ပေးတာဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ၎င်းစီမံချက် မြို့နယ်များဖြစ်သော ကျိုင်းတုံနှင့်မိုင်းဖြတ်မြို့တို့တွင်လည်း အဆိုပါသင်တန်းများ ဖွင့်လှစ်မှာဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံး ကလေးပျော်ကျောင်းများ ဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ အထူးစီမံကိန်း မြို့နယ် (၂၅)မြို့နယ် သတ်မှတ်ဆောင်ရွက်ရာ တာချီလိတ်မြို့နယ်သည်လည်း တစ်မြို့နယ်အဖြစ် ပါဝင်တာဖြစ်ကြောင်း သိရှိရသည်။
သတင်းပေးပို့သူ။ ။ မြတ်မျိုးမြင့်မာန်




Social Buttons