Writen by
Tachileik News Agency
11:23 PM
-
0
Comments
၂၀၁၃ခုနှစ် ဇွန်လ(၂၆)ရက်နေ့မှာ ကျရောက်မှာဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်းရေးအသင်း(MANA)မှ ဆဌမအကြိမ်အဖြစ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးနှင့် ပတ်သက်သည့် ၀တ္တုတို၊ ဆောင်းပါး၊ ကဗျာရေးစပ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပပြုလုပ်မှာဖြစ်ကြောင်းသိရသည်။

တာချီလိတ်မြို့ရှိ စာရေးဆရာများ နှင့် ၀ါသနာရှင်များအနေဖြင့်လည်း အလွတ်တန်းပြိုင်ပွဲအဆင့်တွင် ပါဝင်သော ၀တ္တုတိုပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ နှင့် ကဗျာစပ်ဆိုပြိုင်ပွဲတို့တွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် စာမူများကို ယနေ့မှစ၍ (၃၁.၅.၂၀၁၃)ရက်နေ့ နောက်ဆုံးထားကာ တာချီလိတ်ခရိုင် MANA ရုံးသို့ လာရောက်ပေးပို့စေလိုကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ တာချီလိတ်မြို့မှ တဆင့် ၀င်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိပါက တာချီလိတ်ခရိုင် MANA ရုံးမှ ဆုများကို ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
ထို့အတူ အဆိုပါ ပြိုင်ပွဲများအတွက် စာမူများကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ MANAအသင်းရုံးရှိရာ ခရိုင်/မြို့နယ်များမှာလည်း လက်ခံမည်ဖြစ်ပါသောကြောင့် သက်ဆိုင်ရာ ဒေသများမှ ၀ါသနာရှင်များ အနေဖြင့်လည်း မိမိတို့၏ စာမူများကို MANA အသင်းရုံးသို့ (၃၁.၅.၂၀၁၃)ရက်နေ့ နောက်ဆုံးထားကာ ပေးပို့နိုင်ကြောင်းလည်း ထပ်မံသိရှိရသည်။
MANAအသင်းအနေဖြင့် ဆဌမအကြိမ် ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ၀တ္တုတို၊ ဆောင်းပါး၊ ကဗျာစပ်ဆိုပြိုင်ပွဲများကို ၂၀၁၃ခုနှစ် ဇွန်လ(၁၄)ရက်နေ့မှ (၂၀)ရက်နေ့အထိ ဗဟန်းမြို့နယ်ရှိ ကျောက်ဆည်ဓမ္မာရုံ နှင့် နောက်ဆုံးအဆင့်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်များ၊ ဖိတ်ကြားထားသူများ၊ MANAဗဟိုကော်မတီဝင်များနှင့် အသင်းဝင်များဖြင့် ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ်နယ်မြေ စိန်ရတုခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲစဉ်တစ်လျှောက် Sky Net ရုပ်သံလွှင့်ဌာနမှ တိုက်ရိုက်ထုတ်လွှင့်ပြသရန် စီစဉ်ထားကြောင်း သိရှိရသည်။
တာချီလိတ်မြို့တွင် စာမူပေးပို့ရန်
ဦးသိန်းဝင်း (ဥက္ကဌ)
တာချီလိတ်ခရိုင် MANA အသင်းရုံး
စိုင်းလှကားပစ္စည်းဆိုင်ဘေး၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့။
ထိုင်းဖုန်း။ 083 7622922
Social Buttons