Writen by
Tachileik News Agency
7:35 AM
-
0
Comments
တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲရှိ နားယောင်း-နမ့်ခမ်းလမ်းအား သွားလာမှုအဆင်ပြေ လွယ်ကူစေရန်အတွက် နမ့်ခမ်းချောင်းကူးတံတားကို ကျပ်သိန်း (၂၆၀,၅၀,၀၀၀) နှစ်ရာ့ခြောက်ဆယ်ငါးသောင်းကျပ် အကုန်အကျခံကာ ကျောက်စီအုတ်ခုံ သစ်သားတံတားအဖြစ် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ယနေ့ ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
နမ့်ခမ်းချောင်းကူးတံတားအား ဆောက်လုပ်ပြီးစီးနိုင်ရန်အတွက် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို နှင့် အင်ဂျင်နီယာမှူး ဦးမျိုးကျော်စိုး တို့က အနီးကပ်ကြီးကြပ်ညွှန်ကြားပြီး တာဝန်ခံအနေဖြင့် လက်ထောက်အင်ဂျင်နီယာ ဦးတင်ဝမ်းမောင်တို့က ဦးဆောင် ဆောက်လုပ်ကာ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ရံပုံငွေဖြင့် ဆောက်လုပ်တာဖြစ်ကြောင်းနှင့် တံတား၏ အကျယ်မှာ (၁၄)ပေရှိပြီး အလျားမှာ (၃၆)ပေရှိကြောင်း သိရသည်။
{ အင်ဂျင်နီယာမှူး ဦးမျိုးကျော်စိုး၊ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို ၊လက်ထောက်အင်ဂျင်နီယာ ဦးတင်ဝမ်းမောင်}
နမ့်ခမ်းချောင်းကူးတံတားမဖြစ်ပေါ်မီက နားယောင်း-နမ့်ခမ့်လမ်းတစ်လျှောက် သွားလာမှုခက်ခဲကာ ကြန့်ကြာမှုများဖြစ်စေခဲ့ပေမဲ့လည်း ယခုအခါမှာတော့ အဆိုပါတံတားအား ဆောက်လုပ်ပြီးစီးသည်ဖြစ်တာကြောင့် သွားလာမှုမှာ အဆင်ပြေချောမွေ့စေပြီး မဲခေါင်မြစ်ထိ ကား/ဆိုင်ကယ် စသည့် မော်တော်ယာဉ်များဖြင့် သွားရောက်နိုင်ပြီဖြစ်ကြောင်းသိရှိရသည်။
ပုံများကိုကြည့်ရန်





Social Buttons