Writen by
Tachileik News Agency
7:02 AM
-
0
Comments
လားဟူတိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ရှမ်းပြည်တစ်ပြည်လုံးရှိ လားဟူတိုင်းရင်းသား ပြည်သူ့စစ်ခေါင်းဆောင်များ၊ဘာသာရေးခေါင်းဆောင်များ၊ လားဟူတိုင်းရင်းသားခေါင်းဆောင်များ၊ မြို့နယ်အသီးသီးမှ လားဟူစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ နှင့် ကျေးရွာဒေသ အုပ်ချုပ်ရေးခေါင်းဆောင်များက မေလ(၂၄)ရက်မှ (၂၅)ရက်နေ့အထိ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)အတွင်းရှိ လားဟူဘော်ဒါဆောင်မှာ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ကြသည်။
ပထမအကြိမ် လားဟူတိုင်းရင်းသား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲအား ဖွင့်ပွဲအဖြစ် ဖဲကြိုးဖြတ်ဖွင့်လှစ်ရာမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် လားဟူတိုင်းရင်းသားများကိုယ်စား တာချီလိတ်ခရိုင် လားဟူစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ( အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ) ဦးဝီလ်ဆင်မိုး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်မှုအပြီး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန်က အဖွင့်အမှာစကားပြောကြားရာမှာ"ကျွန်တော့်အနေနဲ့ ဒီတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်(၄)ချက်ကို ရှင်းပြလိုပါတယ် ရည်ရွယ်ချက်(၄)ချက်ကတော့...
- ၁) လားဟူတိုင်းရင်းသားများအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပါဝင်ဆောင်ရွက်ရန်၊
- ၂) လားဟူတိုင်းရင်းသားများ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်နေစေရန်၊
- ၃) လားဟူတိုင်းရင်းသားများ မိမိစာပေနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ် အစဉ်ရှိနေစေရန်
- ၄) လားဟူတိုင်းရင်းသားများ ခေတ်စနစ်နဲ့အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်နေစေရန်တို့ ဖြစ်ကြပါတယ်"ဟု ရှင်းလင်းပြောကြားသွားခဲ့သည်။
{ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန် }
- ၁) လားဟူလူမျိုးတို့၏ သမိုင်းအကြောင်း ( ဆရာ ဦးဆယ်မြူရယ် )
- ၂) လားဟူလူမျိုးတို့၏ ယဉ်ကျေးမှု ( ဆရာတော် ဦးယာကုပ်ဖန်း )
- ၃) လားဟူလူမျိုးတို့၏ စာပေကဏ္ဍ ( ဆရာတော် ဦးနိုးဝေဟယ် )
- ၄) စက်မှုစီးပွားရေးကဏ္ဍ ( ဆရာတော် ဦးကျာမူးသက်ဝင်း )
- ၅) ဥပဒေရေးရာကဏ္ဍ ( ဦးစတီဖန် )
- ၆) အမျိုးသမီးရေးရာကဏ္ဍ ( ဆရာမ ဒေါ်နာလောဘို )
- ၇) စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ( ဦးဒေါနယ် )
- ၈) ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ( ဒေါက်တာ ယားဘိုရှီး )
- ၉) လူငယ်ရေးရာကဏ္ဍ ( ဆရာ ကောနေလိ )တို့ ဖြစ်ကြောင်း သိရသည်။
- ၁) လားဟူတိုင်းရင်းသားများအတွက် အလွန်တရာမှ အရေးကြီးသော လားဟူတိုင်းရင်းသားအမှတ်တံဆိပ် နှင့် အလံတို့ကို အထက်အဆင့်ဆင့် တင်ပြကြရမှာဖြစ်တဲ့အတွက် ဆွေးနွေး ဆုံးဖြတ်ရယူသွားရန်၊
- ၂) လားဟူတိုင်းရင်းသားများ နှစ်စဉ်ကျင်းပနေကြသော နှစ်သစ်ကူးပွဲတော် နေ့ရက်ကိုလည်း ဆွေးနွေးပြီး ဆုံးဖြတ်ချက်ရယူသွားရန်၊
- ၃) လားဟူတိုင်းရင်းသားများနှင့် သက်ဆိုင်သော Website(၀ဘ်ဆိုက်)တစ်ခုတင်ရေးအတွက်ကိုလည်း ဆွေးနွေးပြီး ဆုံးဖြတ်ချက်ရယူသွားရန်၊
- ၄) လားဟူတိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကော်မတီတရပ်ကို ဖွဲ့စည်းရန်အတွက် ဆုံးဖြတ်ချက်ရယူသွားရန်၊
- ၅) တင်ပြထားသော စာတမ်းပါ အကြောင်းအရာများကိုလည်း လိုအပ်လျှင် လိုအပ်သလို ဆက်လက်ဆွေးနွေးသွားရန်၊
{ တာချီလိတ်ခရိုင် လားဟူစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ( အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ) ဦးဝီလ်ဆင်မိုး }
မိုင်းပျဉ်းမြို့နယ် ကောင်းမျက်ကျေးရွာနေ နတ်ဆရာ ဦးကျကျား(တိုဟို)မှလည်း "လားဟူလူမျိုးတွေအနေနဲ့ ဘာသာရေးတွေ အခြားအရေးတွေ ကွဲပြားမှုတွေရှိနေပေမဲ့လည်း အခုလို ခေါ်ယူတွေ့ဆုံ ဆွေးနွေးမှုမျိုးတွေ ပြုလုပ်ပေးတဲ့အတွက် လားဟူလူမျိုးတွေအချင်းချင်း စည်းလုံးညီညွှတ်မှုတွေ ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ပြောကြားလာသည်။
ပုံများကိုကြည့်ရန်
72 photos






Social Buttons