Writen by
Tachileik News Agency
1:52 AM
-
0
Comments
ရှေးခေတ်က လူသားများသည် အကြောင်းအရာတစ်ခုကို မပျောက်ပျက်အောင် မှတ်သားထားလိုလျှင် ကျောက်တိုင် ကျောက်တုံးများတွင် ရေးထိုး၍ ထားတတ်ကြသည်။ ထိုသို့ ရေးမှတ်ခြင်းမျိုးကို ကမ္ပည်းကျောက်စာရေးထိုးသည်ဟူ၍လည်းကောင်း၊ ကျောက်ထက်အက္ခရာတင်သည် ဟူ၍လည်းကောင်းခေါ်ကြသည်။မြန်မာနိုင်ငံတွင် မင်းတုန်းမင်းတရားကြီး လက်ထက်၌ ပိဋကတ်တော်များအား အဓွန့်ရှည်စွာတည်တံ့ စေအံ့သောငှာ ၀ိနည်းပိဋကတ်တော်ကို ကျောက်ချပ်ရေ ၁၁၁ချပ်၊ အဘိဓမ္မာပိဋကတ်တော်ကို ၂၀၈ချပ်၊ သုတ္တန်ပိဋကတ်တော်ကို ၄၁၀ချပ်၊ စုစုပေါင်း ကျောက်ချပ်ရေ ၇၂၉ ချပ်ကို ပဉ္စမ သံဂါယနာတင်ပြီးနောက် မန္တလေးမြို့ ကုသိုလ်တော်စေတီ မဟာရံအတွင်း လိုဏ် ဂူပြဿဒ်များဖြင့် တည်ထားကိုးကွယ်ခဲ့သည်။
တာချီလိတ်မြိုတွင်လည်း နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး မှ ပိဋကတ်သုံးပုံအား ဒေသသုံးဂုံရှမ်းဘာသာဖြင့် ကျောက်စာ အချပ်ပေါင်း ၂၅၀၀ပေါ်တွင် ရေးထိုးပြီး ရွှေတိဂုံရင်ပြင် အနောက်ဘက်၌် မေလ (၂၂) ရက် နံနက် (၉) နာရီက စိုက်ထူလှူဒါန်းပွဲ အခမ်းအနားပြုလုပ်သည်။
အခမ်းအနားသို့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာများ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မဟာမြတ်မုနိကျောင်းတိုက်မှ တိုက်အုပ်ဆရာတော် အဒိစ္စ၀ံသထံမှ ငါးပါးသီလ ခံယူဆောက်တည်တော်မူကြပြီး ဆရာတော်သံဃာတော်များက ပရိတ် တရားတော်များချီးမြှင့်သည်။ယင်းနောက် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှဝေသည်။
သတင်းပေးပို့သူ။ ။ မောင်ဆွေငြိမ်း
.jpg)
.jpg)
.jpg)
.jpg)
.jpg)
Social Buttons