Writen by
Tachileik News Agency
1:27 AM
-
0
Comments
ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲနှင့် စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ငန်းအစုအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ သီရိရတနာခန်းမ၌ မေလ (၂၀)ရက်နေ့ နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က နိုင်ငံတော်၌ ပထမအဆင့်အနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဒုတိယအဆင့်အနေဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ တတိယအဆင့်အနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု စသည်ဖြင့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု ၂၀၁၃ ခုနှစ်၊ မေလ (၁) ရက်နေ့မှာ စတုတ္ထပြုပြင်ပြောင်းလဲမှုအဖြစ် ပုဂ္ဂလိက ကဏ္ဍပြောင်းလဲမှုဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကို စတင်ခဲ့ပြီးဖြစ်ကြောင်း အဖွင့် အမှာစကားတွင် ထည့်သွင်း ပြောကြားသွားသည်။
သတင်းပေးပို့သူ။ ။ဝေယံလင်းလက် (မိုင်းဆတ်)


Social Buttons