Latest News

Dropdown Menu

Monday, May 20, 2013

မိုင်းလင်းသာသနာအုပ်စု နှစ်(၉၀)ပြည့် အထိမ်းအမှတ်ပွဲတော် နှင့် "သုံးပါးတစ်ဆူဘုရားကျောင်း"အား ဖွင့်ပွဲပြုလုပ်မည်

၂၀၁၁ခုနှစ် က လှုပ်ခတ်သွားသော ငလျင်ဒဏ်ကြောင့် ပြိုလဲပျက်စီးသွားခဲ့ရသည့် တာလေမြို့နယ်ခွဲ မိုင်းလင်းအနောက်အုပ်စု တော်ကော့ကျေးရွာ ကက်သလစ်သာသနာကျောင်းဝင်းရှိ "သုံးပါးတစ်ဆူဘုရားကျောင်း"အား ယခုခါမှာ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်တာကြောင့် အလှူရှင်များအနေဖြင့် ရေစက်ချလှူဒါန်းပွဲနှင့် မိုင်းလင်းသာသနာအုပ်စု နှစ်(၉၀)ပြည့် အထိမ်းအမှတ်ပွဲတော်ကျင်းပ ပြုလုပ်မှာဖြစ်ကြောင်း သိရသည်။




ကျိုင်းတုံကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီး ပီတာလွီးစ် ကျာခူအား အမှုးထားပြီး မိုင်းလင်းသာသနာအုပ်စု နှစ်(၉၀)ပြည့် အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့ ပါလျှံရပ်ကွက်နေ ဦးဖရန်စစ် စိုင်းထွန်းရီ နှင့် ဒေါ်မာဒါလေးနာ နန်းဝိုးကျန်တို့၏ မိသားစုဝင်များမှ စုပေါင်းဆောက်လုပ်လှူဒါန်းထားသော သုံးပါးတစ်ဆူဘုရားကျောင်းအား ဖွင့်လှစ်ခြင်း အလှူတော်မင်္ဂလာကို (၂၅.၅.၂၀၁၃)ရက်နေ့မှ (၂၇.၅.၂၀၁၃)ရက်နေ့ထိ ပြုလုပ်မှာဖြစ်ပြီး အဆိုပါ ဖွင့်ပွဲသို့  ဂိုဏ်းအုပ်ဆရာတော်ကြီး ပီတာလွီးစ် ကျာခူ နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်မှာဖြစ်ကြောင်း သိရသည်။



ပွဲတော်အစီအစဉ်များမှာ မေလ(၂၅)ရက်နေ့ ညနေ(၄း၃၀)နာရီတွင် မယ်တော်ဂူသစ်အား ရေစက်ချဖွင့်လှစ်ခြင်းနှင့် ညပိုင်းတွင် ဖျော်ဖြေရေးများ ပြုလုပ်မှာဖြစ်ပြီး မေလ(၂၆)ရက် နံနက်(၇း၃၀)နာရီမှာ ဘုရားကျောင်းအား ရေစက်ချဖွင့်လှစ်ခြင်း၊ ရဟန်းသိက္ခာတင်ခြင်း၊ ရဟန်းသစ်အား ဂုဏ်ပြုခြင်း စသည်များကို ပြုလုပ်ကျင်းပသွားမှာဖြစ်ရာ ကက်သလစ်ဘာသာဝင်များနှင့် ဧည့်သည်တော်များ ကြွရောက် ချီးမြှင့်နိုင်ပါကြာင်း သိရသည်။

ပွဲတော်ကျင်းပမည့်နေရာ
ကက်သလစ်သာသနာကျောင်းဝင်း၊
တော်ကော့ကျေးရွာ၊
မိုင်းလင်းအနောက်အုပ်စု၊ တာလေမြို့နယ်ခွဲ


« PREV
NEXT »