Writen by
Tachileik News Agency
12:38 AM
-
0
Comments
မေလ(၂၀)ရက် တနင်္လာနေ့နံနက်(၉)နာရီက တာချီလိတ်မြို့ အောင်မြတ်ခန်းမမှာ (၁၅၀၀)ကျပ်တန် တန်ဖိုးနည်း CDMA-800MHz ဖုန်းကဒ်များကို ဒုတိယအကြိမ်အဖြစ် မဲနှိုက်ကာ ရောင်းချပေးခြင်း အစီအစဉ်အား ပြုလုပ်ခဲ့ကြသည်။
{ မဲစာရွက်များအား စတင်ခေါက်နေစဉ် }
ပထမအကြိမ်တုန်းက လျှောက်လွှာများမှာ (၉၄၀)စောင်ရှိခဲ့ပြီး ယခုအခါမှာတော့ ဒုတိယအကြိမ်အတွက် လာရောက်လျှောက်ထားသူများမှာ(၁၁၉၆) ရှိပြီး ပထမအကြိမ်က မဲမပေါက်ပဲ ကျန်ရှိနေသည့် လျှောက်လွှာ(၂၉၃)စောင်အား ထည့်သွင်း၍ မဲနှိုက်ရာ လျှောက်လွှာစုစုပေါင်း(၁၄၈၉)စောင် ရှိပြီး ဖုန်းကဒ်(၆၅၀)ကို ယခုလို မဲနှိုက်ရောင်းချပေးတာဖြစ်ကြောင်းသိရသည်။
{ မဲနှိုက်ရာမှာ လျှောက်ထားသူများမှ }
ဖုန်းကဒ် ပေါက်မဲစာရင်းများအား ကြည့်ရှု့ရန်
31 photos
သတင်းဓါတ်ပုံများအားကြည့်ရန်
25 photos




Social Buttons