Writen by
Tachileik News Agency
10:29 AM
-
0
Comments
တာချီလိတ်မြို့နယ် လွယ်တော်ခမ်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့တို့သည် အဆိုပါဂိတ်မှတဆင့် တာချီလိတ်မြို့ထဲသို့ ၀င်ရောက်မည့် ကား/ဆိုင်ကယ်နှင့် လူများအား စစ်ဆေးနေလျက်ရှိရာ ဇွန်လ(၆)ရက်နှင့် (၇)ရက်တို့တွင် တရားခံနှင့်အတူ မူးယစ်ဆေးဝါးအနည်းငယ် နှင့် ကိုးလုံးကျည်(၅)တောင့်တို့အား ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။လွယ်တော်ခမ်းစစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသော ပူးပေါင်းအဖွဲ့များဖြစ်သည့် တာချီလိတ်(မူးယစ်)အဖွဲ့၊ ခမရ(၃၅၉)အဖွဲ့၊ ပြည်နယ်လုံခြုံရေးတပ်စုအဖွဲ့၊ ခရရ(တာချီလိတ်)အဖွဲ့၊ နယ်ထိန်းအဖွဲ့၊ စရဖအဖွဲ့၊ အကခအဖွဲ့ နှင့် လ၀က အဖွဲ့တို့သည် ဂိတ်အ၀င် ယာဉ်နှင့်လူများအား စစ်ဆေးနေလျက်ရှိရာ ဇွန်လ(၇)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် မိုင်းဆတ်ဘက်မှ တာချီလိတ်မြို့သို့ ၀င်ရောက်လာသည့် Toyota Hilux Vigo ခဲရောင်မော်တော်ယာဉ်တစ်စီးအား ရပ်တန့်စေကာ ရှာဖွေစစ်ဆေးမှုများပြလုပ်ခဲ့ကြသည်။
ထိုသို့ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ ယာဉ်နောက်ခန်းရှိ ထိုင်ခုံရှေ့တွင် ဂျင်းလွယ်အိတ်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၂၀)ပြားပါ(၁)ထုတ်၊ အအေးပိုက်တို(၃၉)ချောင်းထဲတွင် ထည့်သွင်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား အကျိုးအကြေ စုစုပေါင်း(၁၅)ဂရမ်၊ ပလပ်စတစ်အိတ်ဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား အကျိုးအကြေ (၄)ဂရမ် (၁)ထုပ်၊ အပြာရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်လျက် အသင့်ရောစပ်ထားသည့် စိတ်ကြွဆေးမှုန့်(၁၀)ဂရမ် (၁)ထုပ်၊ Best Quality စာတမ်းပါ မြောက်တံဆိပ် အနံဆေးရည်(၁)လီတာ (၁)ပုလင်း နှင့် ကိုးလုံးကျည် (၅)တောင့်အား ရှာဖွေသိမ်းဆည်းရမိကြောင်း သိရပြီး အဆိုပါ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသော မိုင်းဆတ်မြို့နယ်တွင် နေထိုင်သူ အသက်(၃၂)နှစ်အရွယ် အမျိုးသားတစ်ဦးအား တာချီလိတ်(မူးယစ်)အဖွဲ့မှ ကွင်းဆက်ဖော်ထုတ်နိုင်ရန်အတွက် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ထိုရက်မတိုင်မီ ဇွန်လ(၆)ရက် ညနေ(၅း၂၀)နာရီအချိန်က လွယ်တော်ခမ်းစစ်ဆေးရေးဂိတ်မှာပင် နာတာလိကျေးရွာဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်ဖြင့် ၀င်ရောက်လာသူ အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးအား ရပ်တန့်ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ ၎င်း၏ ဦးခေါင်းတွင် ဆောင်းထားသည့် ဆိုင်ကယ်စီး ဦးထုပ်အတွင်း အပြာရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်လျှက် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀)ပြားစီပါသော (၂)ထုပ်၊ စုစုပေါင်း ဆေးပြား(၄၀၀)ပြားအား ရှာဖွေတွေ့ရှိရာ စိတ်ကြွဆေးပြားများနှင့်အတူ လက်ဝယ်တွေ့ရှိသော တရားခံအား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Social Buttons