Writen by
Tachileik News Agency
9:39 AM
-
0
Comments
ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ကြည်ကြည်ဝေနှင့် အဖွဲ့တို့သည် တာချီလိတ်မြို့၌ မိခင်နှင့်ကလေးသူငယ်များအား ကျန်းမာရေးကြည့်ရှုပေးခြင်းနှင့် မူကြိုကလေးများအား လိုက်လံကြည့်ရှုခြင်းအပြင် ပညာရေးထောက်ပံ့မှုအဖြစ် ကျောင်းသုံးစာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းများကို ဇွန်လ(၇)ရက်နေ့က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ထို့နောက်တွင် အဆိုပါအဖွဲ့တို့သည် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခွဲပိုင် မူလတန်းကြိုကျောင်းသို့ သွားရောက်ပြီး ကျောင်းရှိ ကလေးသူငယ်(၄၀)ဦးတို့အား ဥာဏစွမ်းရည်များ စမ်းသပ်စစ်ဆေးကာ ကလေးငယ်များအား အာဟာရပြည့် နို့ဗူးနှင့်ပေါင်မုန့်များ ကျွေးမွေးခဲ့ကြသည်။
ထိုမှတဆင့် ဟောင်လိတ်ကျေးရွာအုပ်စုရှိ ၀မ်ဟောင်ရွာသို့ မွေးရာပါ မသန်စွမ်းသည့် ပိုလီယိုရောဂါသည် အသက်(၁၁)နှစ်ရှိ ကလေးငယ်၏ နေအိမ်သို့ အဆိုပါအဖွဲ့မှ သွားရောက်ကြပြီး အားပေးစကားပြောကြားကာ အလှူငွေ ကျပ်(၃)သောင်းနှင့် အာဟာရပြည့်ဓါတ်စာများ ပေးအပ်ထောက်ပံ့ခဲ့ကြသည်။
နံနက်(၁၀း၃၀)နာရီအချိန်တွင် ဟောင်လိတ်ကျေးရွာအုပ်စု၊ လွယ်စတုံ အ.မ.က သို့ သွားရောက်ကြပြီး မူလတန်းအဆင့် ကျောင်းသား/သူပေါင်း (၁၇၁)ဦးတို့အား ကျောင်းသုံးစာရေးကိရိယာ နှင့် ကျောင်းဝတ်စုံများအား တစ်ဦးချင်း ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ မေလ(၃၀)ရက်နှင့် (၃၁)ရက်နေ့က ယခုကဲ့သို့ ပညာရေးထောက်ပံ့မှုအဖြစ် တာချီလိတ်မြို့နယ်အတွင်း ကျောင်းသုံးစာရေးကိရိယာနှင့် ကျောင်းဝတ်စုံများအား ပေးအပ် လှူဒါန်းခဲ့ကြကြောင်းလည်း သိရသည်။




Social Buttons