Latest News

Dropdown Menu

Tuesday, June 25, 2013

တာချီလိတ်၌ပြုလုပ်သော (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ကျောင်းသား/သူ (၃၅)ဦးအား ဆု(၄၈)ဆု ဂုဏ်ပြုချီးမြှင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သော တာချီလိတ်မြို့တွင် (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားအား ဇွန်လ(၂၆)ရက် နံနက်(၈း၃၀)နာရီက ကျင်းပရာ အဆိုပါနေ့၏ အထိမ်းအမှတ်အဖြစ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ နှင့် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရ ကျောင်းသား၊ ကျောင်းသူ (၃၅)ဦးအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဆုငွေ စုစုပေါင်း ဆု(၄၈)ဆု ကို တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားတွင် တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ ဦးသောင်းတင်ထွေး(တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြားပြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုထံမှ ပေးပို့လာသည့် သ၀ဏ်လွှာအား တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဒု-ဥက္ကဌ ဒု-ရဲမှူးကြီး နေမျိုးထွဋ်မှ ဖတ်ကြားသည်။

ဆက်လက်၍ တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးကြည်ဝင်းမောင်က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေပိုင်းဆိုင်ရာအချက်အလက်များကို အသေးစိပ် ဆွေးနွေး ရှင်းလင်းပြောကြားသည်။ တဆက်တည်းမှာပင် အဆိုပါအဖွဲ့မှ အဖွဲ့ဝင် ခရိုင်ဆရာဝန်ကြီး ဒေါက်တာ စောလွင်မှ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာသည့် ဆိုးကျိုးများနှင့် မူးယစ်ဆေးစွဲရောဂါအကြောင်းကို အချိန်(၃၅)မိနစ်အကြာ အသေးစိပ်ဆွေးနွေး ရှင်းလင်းပြောကြားသွားသည်။


ထို့နောက်မှာတော့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ကျင်းပသော ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ နှင့် စာစီစာကုံး ပြိုင်ပွဲတို့မှ ဆုရရှိသူ ကျောင်းသား/သူ (၃၅)ဦးအား ဆု(၄၈)ဆု ဂုဏ်ပြုချီးမြှင့်ရာ စစ်ဗျူဟာ(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး နေမျိုးထွဋ်၊ ခရိုင်တရားသူကြီး ဦးထိန်မင်း၊ ခရိုင်ဥပဒေအရာရှိ ဦးကြည်ဝင်းမောင်၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာစောလွင်၊ အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ၊ ခရိုင်လ၀က ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်း၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ MANA အဖွဲ့ ဥက္ကဌ ဦးသိန်းဝင်း၊ World Vision ယာယီတာဝန်ခံ ဦးပီတာဖိုး၊ တာချီလိတ်မြို့နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်လွင်၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် တာချီလိတ်မြို့ ပါလျှံတရုတ်ဘုံကျောင်း နာယက ဦးကျော်သိန်း(ခ) ဦးကျင်ဟောင်လင်း တို့က ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဂုဏ်ပြုဆုများချီးမြှင့်ပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအပါအ၀င် ကျောင်းသား/သူများအား ၂၀၁၃ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှတ်တမ်း ပိုစတာများနှင့် တရားခံပုံများအပါအ၀င် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပိုစတာ ပြခန်းအား တာဝန်ရှိသူမှ လိုက်လံပြသခဲ့ကြသည်။

ပုံများကိုကြည့်ရန်
(၁၆)ကြိမ်မြောက်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အား တာချီလိတ်တွင်ကျင်းပ
112 photos

« PREV
NEXT »