Writen by
Tachileik News Agency
8:29 PM
-
0
Comments
တာချီလိတ်မြို့ မြို့မဈေး(၀မ်ကောင်းဈေး)အား အသစ်ပြန်လည် တည်ဆောက်မှာဖြစ်ရာ ဆောက်လုပ်နေစဉ်ကာလအတွင်း ဈေးသည်များ ရောင်းချနိုင်ရန်အတွက် ယာယီဈေးကို ရှမ်းရိုးမကွင်းနဘေးတွင် သတ်မှတ်ထားရာ ယခုအခါမှာ တည်နေရာများဖွဲ့စည်း ပြုလုပ်လျှက်ရှိပြီး ၀မ်ကောင်းဈေးသစ်အား ဆောက်လုပ်အချိန်ကာလမှာ (၁)နှစ်မှ (၂)နှစ်အထိ ကြာနိုင်ဖွယ်ရှိကြောင်း သိရသည်။ယခင်က ယာယီဈေးနေရာအား လက်ရှိဝမ်ကောင်းဈေး နှင့် မဟာမြတ်မုနိကျောင်းတိုက်ကြားရှိ လမ်းကြားအား အသုံးပြုမည်ဟု သတ်မှတ်ထားသော်လည်း ၀တ္တကမြေနှင့်နီးစပ်တာကြောင့် အများပိုင်နေရာတစ်ခုသဖွယ်ဖြစ်သော ရှမ်းရိုးမကွင်းဘေးအား ရွေးချယ်လိုက်ကြတာဖြစ်ကြောင်း သိရသည်။


Social Buttons