Latest News

Dropdown Menu

Tuesday, June 11, 2013

တာချီလိတ်၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အကြို ဟောပြောမှုများပြုလုပ်

(၁၆)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အကြိုဟောပြောပွဲကို ဇွန် ၁၁ ရက် နေ့ နံနက် ၉ နာရီတွင် ဟောင်လိတ် အခြေခံပညာအထက် တန်းကျောင်းနှင့် မွန်းလွဲ (၁)နာရီတွင် ပုန်းထွန်အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ဟောပြောသည်။


ဟောပြောပွဲတွင် မြို့နယ်ဥပဒေအရာရှိ ဦးအတူးက မူးယစ်ဆေးဝါးဆိုင်ရာဥပဒေ အကြောင်းကိုလည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးဝေယံဦး(နေတစ်စင်း) က သိခြင်း၊မသိခြင်းနှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးမှူး ဦးခင်မောင်ကျော်က မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသော ရောဂါလက္ခဏာများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း အတွင်းရေးမှူး ဦးသိန်းထွန်းက မူးယစ်ဆေးဝါး ဆန့်ကျင်ရေးဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်ကြည်က မူးယစ်ဆေးဝါးဆိုင်ရာသတင်းအချက် အ လက်များကို လည်းကောင်း၊ တာချီလိတ်မူးယစ်(အထူး)အဖွဲ့ ရဲအုပ်မြင့်လွင်က မူးယစ်ဆေးဝါးအကြောင်းနှင့် ဖမ်းဆီးရရှိမှု အခြေအနေ များကိုလည်းကောင်း အသီးသီးဟောပြောကြသည်။

ဟောပြောပွဲအား ဇွန် ၁၀ ရက် နေ့က တာချီလိတ် အထက နှင့် ဆန်ဆိုင်းအ.ထ.က တို့တွင် ဟောပြောခဲ့ကြပြီး ဇွန် (၁၂) ရက်နေ့တွင် မိုင်းကိုး အ.ထ.က နှင့် ဇွန် (၁၃) ရက်နေ့တွင် ၀မ်ပုံမူလွန်ကျောင်းတို့၌ ဆက်လက်ဟောပြောမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။       ။ မောင်ဆွေငြိမ်း

ပုံများကိုကြည့်ရန်
တာချီလိတ်၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အကြို ဟောပြောမှုများပြုလုပ်
40 photos

« PREV
NEXT »