Writen by
Tachileik News Agency
11:03 PM
-
0
Comments
ရက်ပိုင်းအတွင်းက မိုးများရွာသွန်းမှုကြောင့် ထိုင်း-မြန်မာ နယ်စပ်တစ်နေရာဖြစ်သည့် မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တို့ရှိ နယ်စပ်ချောင်းတစ်ဝိုက် ထိုင်းနိုင်ငံ ကော့ဆိုင်းရပ်ကွက်၊ နှင့် မြန်မာနိုင်ငံ တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ ဆန်ဆိုင်းရပ်ကွက် နှင့် မယ်ခေါင်ရပ်ကွက် အပါအ၀င် ပါလျှံ(၂)ထဲတွင် ရေလျှံမှုများဖြစ်ပေါ်နေပြီး ဇူလိုင်လ ၃၀ရက် နံနက် ၁၀ နာရီ ၅၀မိနစ်အချိန်ထိ ချောင်းရေကျဆင်းမှု မရှိသေးကြောင်း သိရသည်။တာချီလိတ်မြို့တွင် ယခုကဲ့သို့ မိုးကြီးစွာရွာသွန်းမှုကြောင့် ရေများတက်လာနိုင်သလို မိုးအနည်းငယ် ရက်ရှည်ရွာသွန်းမှုကြောင့်လည်း ဖြစ်ပေါ်နိုင်သည့်အပြင် တောင်ကျရေများကြောင့်လည်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လာတတ်သည်ကို တွေ့ရှိရသည်။
မယ်ဆိုင်ချောင်းနှင့် အလွန်နီးစပ်သော ဆန်ဆိုင်း/မယ်ခေါင်ရပ်ကွက် နယ်နိမိတ်တို့တွင် ချောင်းရေနှင့် ရေနုတ်မြောင်းများမှ ရေများကြောင့် ရေလျှံမှုများဖြစ်ပေါ်လာသည်ကိုလည်း တွေ့ရှိရသည်။
"ကျွန်တော်တို့ မယ်ခေါင်ရပ်ကွက် ချောင်းစပ်ကတော့ ခုလို ရေကြီးလာပြီဆိုရင် နေအိမ်တဲ အထဲထိ ၀င်တာပါပဲဗျာ၊ ထုံးစံလိုလိုဖြစ်နေပါပြီ"ဟု မယ်ခေါင်ရပ်ကွက်အတွင်း ချောင်းစပ်၌ နေထိုင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။
{ ဗီဒီယို သတင်းမှတ်တမ်း}
ပုံများကိုကြည့်ရန်
Social Buttons