Writen by
Tachileik News Agency
9:36 PM
-
0
Comments
စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ၌ အဓိက ဓါတုကုန်ကြမ်းဖြစ်သည့် ကဖင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စီမံချက်ပါလုပ်ငန်း တာဝန်များနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော လူမှုရေး ပြဿနာများအား အသိပညာပေးအနေဖြင့် ဆိုင်းဘုတ်များကို တာချီလိတ်မူးယစ်(အထူး)အဖွဲ့က ဇူလိုင်လ ၃၀ရက်နေ့က တာချီလိတ်မြို့နယ်အတွင်း အဓိက နေရာများမှာ စိုက်ထူခဲ့ကြောင်းသိရသည်။တာချီလိတ်(မူးယစ်)မှ ကြီးကြပ်သူ ဒုရဲမှူးသန်းရွှေ ဦးစီးအဖွဲ့သည် စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်း ပစ္စည်းဖြစ်သော ကဖင်း(Caffeine)နှင့် ပတ်သက်၍ ပြည်သူလူထုများ ယာဉ်မောင်းသမားများ သိရှိစေရန် အတွက် အသိပညာပေး ဆိုင်းဘုတ်အား ၃၀-၇-၂၀၁၃ ရက်နေ့ မွန်းလွဲ ၂း၃၀ နာရီ အချိန်က တာချီလိတ်မြို့၊ ဟောင်လိတ်အုပ်စု၊ ၀မ်လိရွာ (တာချီလိတ်မြို့ အထွက်)လမ်းဆုံ၌ လည်းကောင်း၊ တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ မယ်ယန်းရွာအထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လည်းကောင်း စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဇူလိုင်လ ၂၀ရက်နေ့က မြန်မာ - လာအို - ထိုင်း - တရုတ် (၄)နိုင်ငံ နယ်စပ်၊ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ်ခွဲ၊ ၀မ်ကျင်းကျေးရွာရှိ လှိုင်ဂူဘုန်းတော်ကြီးကျောင်းမှာ အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။
Social Buttons