Latest News

Dropdown Menu

Thursday, August 29, 2013

မိုးနှင့်အတူ လေပွေ တိုက်ခတ်မှုကြောင့် ကျွန်းပင် ၁၅ပင်ခန့် အမြစ်ပါကျွတ်သွားရာ လျှပ်စစ်မီးများ ပြတ်တောက်သွား

သြဂုတ်လ ၂၉ရက်နေ့ ညနေ ၄နာရီ မိနစ်၂၀အချိန်ခန့်က တာချီလိတ်မြို့တွင် မိုးနှင့်အတူ လေပွေတိုက်ခတ်မှုကြောင့် အမှတ်(၃၃၁)ခြေမြန်တပ်ရင်း  နှင့် မိုင်းယွန်း ဆီပန့်အနီးရှိ ကျွန်းပင် ၁၅ ပင်ခန့် အမြစ်ပါကျွတ်ထွက်သွားပြီး လဲကျမှုများနှင့် အချို့သစ်ပင်များမှာ လျှပ်စစ်မီးကြိုးများပေါ်တွင် လဲပြိုကျသွားခဲ့သည့်အပြင် ဓါတ်မီးတိုင်အချို့မှာလည်း လဲကျကျိုးပဲ့မှုများဖြစ်ပေါ်ခဲ့ရာ လျှပ်စစ်မီး တစ်မြို့လုံး ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။


{ သတင်းဗီဒီယို }



ထိုသို့ဖြစ်ပွားရာသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး အပါအ၀င် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနနှင့် တာချီလိတ်မြို့နယ် မီးလင်းရေး နှင့် မီးလင်းရေးမှ မီးပြုပြင်သော ထိုင်းနိုင်ငံသားများအပြင် လူမှုအဖွဲ့အစည်းများက လမ်းပေါ်တွင် ပိတ်ဆို့နေသည့် သစ်ပင်များ၊ မီးကြိုးပေါ်တွင် ပြိုကျနေသည့် သစ်ပင်များ နှင့် မြို့ပြင်တွင် လဲကျကာ လမ်းတစ်ခြမ်းပိတ်သွားသည့် အားကစား ဆိုင်းဘုတ်အား ဖယ်ရှားပေးမှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရသည်။



" မိုးဆက်တိုက်ရွာလို့ ရေလွှမ်းမိုးတာနဲ့၊ ခု ခဏလေးအတွင်းမှာ မိုးကြီးလေကြီးလေးဖြစ်လိုက်တာ ခိုင်ပါတယ်ဆိုတဲ့ ကျွန်းပင်ကြီးတောင် အမြစ်ပါကျွတ်ထွက်တယ်ဆိုတော့ တာချီလိတ်မှာကလည်းဗျာ ဖြစ်လိုက်ရင် အဆန်းတွေပါပဲ၊"ဟု ဟောင်လိတ်ကျေးရွာအုပ်စုနေသူ အမျိုးသားတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။

ယခုလို ဖြစ်စဉ်နှင့်ပတ်သက်၍ ညနေ ၄နာရီ ၂၀မိနစ်မှစ၍ မီးများပြတ်တောက်သွားခဲ့ရာ မြို့တွင်း၌ ည ၇နာရီခွဲဝန်းကျင်မှာ လျှပ်စစ်မီးပြန်လာခဲ့ပေမဲ့လည်း၊ သစ်ပင်များလဲပြိုပြီး မီးကြိုးများပေါ် ကျိုးကျမှုကြောင့် လျှပ်စစ်မီးပြုပြင်မှုများ လုပ်ဆောင်ရန်ရှိသည့်အတွက် သြဂုတ်လ ၃၀ ရက်နေ့ ညနေ ၃နာရီ နောက်ပိုင်းမှသာ ဟောင်လိတ်ကျေးရွာအုပ်စုတွင်  ပြုပြင်မှုပြီးစီးနိုင်မှာ ဖြစ်သည့်အတွက် လျှပ်စစ်မီးပြန်လည် သုံးစွဲနိုင်ဖွယ်ရှိကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
မိုးနှင့်အတူ လေဗွေတိုက်ခတ်မှုကြောင့် ကျွန်း၁၅ပင်ခန့် အမြစ်ပါကျွတ်
28 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

« PREV
NEXT »