Latest News

Dropdown Menu

Thursday, August 22, 2013

ကျပ်သိန်းပေါင်း ၂၀၀၀၀ခန့်တန်ဖိုး ရှိသည့် အက်ဖီတမင်းနှင့် မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည့် ဆေးဝါးများဖမ်းမိ


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးဂိတ်၌ တာချီလိတ် မှ မိုင်းဆတ် သို့သွားမည့် မော်တော်ယာဉ်ပေါ်တွင် ကျပ်သိန်းပေါင်း ၂၀၀၀၀ ခန့် တန်ဖိုးရှိသည့် အက်ဖီတမင်း ကီလို ၁၀၀ ခန့် နှင့် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် 'မျောက်တံဆိပ်' အနံ့ဆေးရည် ၄၀၀ ပုလင်းတို့အား ဩဂုတ်လ ၂၀ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း တာချီလိတ်အွန်လိုင်းမှ သတင်းရရှိသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
« PREV
NEXT »