Writen by
Tachileik News Agency
2:25 AM
-
0
Comments
၂၀၁၃ခုနှစ် မိုးရာသီကာလအတွင်း တာချီလိတ်မြို့၌ မထင်မှတ်ထားသည့် နေရာ တော်တော်များများ၌ ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပြီး နှစ်စဉ် ဖြစ်လေ့ဖြစ်ထရှိသော မြန်မာ-ထိုင်း နယ်စပ်ချောင်းတစ်လျှောက်ရှိ တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက် နှင့် မယ်ခေါင်ရပ်ကွက်တို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်မှုများနှင့် ကြုံတွေ့ခဲ့ကြရသည်။{ မိခင်နှင့်ကလေးအား နေအိမ်မှ ဖေးမကူညီ }
ရေလွှဲမြောင်းများ တူးဖော်နိုင်ရန်နှင့် လိုအပ်သည့် လုပ်ဆောင်ရန်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်အတွက် မိုးရွာနေစဉ် နှင့် ရေများစီးဆင်းလာနေချိန်အတွင်း သွားရောက်လှည့်လည် စစ်ဆေးခဲ့ကြသည်။
"ကျွန်မတို့က ဆန်သည်ဆိုတော့ အိမ်ထဲကို ရေတွေဝင်ရင် ဆန်တွေ အလကားဖြစ်တော့မှာ၊ မိုးရွာလို့ အနောက်ဘက် မြောင်းထဲက ရေတွေပြည့်လာပြီဆိုရင် အိမ်ထဲကို ရေ၀င်မှာကြောက်လို့ ညတောင် အိပ်မပျော်ဘူး.."ဟု ဟောင်လိတ်ကျေးရွာအုပ်စုအတွင်းရှိ ဆန်သည် အမျိုးသမီးတစ်ဦးမှ ပြောကြားလာသည်။
{ ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါဆတ် }
တာချီလိတ်မြို့တွင် လွန်ခဲ့သော ၂၀၀၆ခုနှစ် စက်တင်ဘာလ ၂၀ ရက်တုန်းက ဖြစ်ပွားခဲ့သော
ရေလွှမ်းမိုးမှုသည် တာချီလိတ်မြို့အနေဖြင့် အကြီးမားဆုံး ရေလွှမ်းမိုးမှုဖြစ်စေခဲ့ပြီး ယခု ၂၀၁၃ခုနှစ်တွင် တာချီလိတ်မြို့နယ်၌ မထင်မှတ်ထားသည့် မဖြစ်ပေါ်ဖူးသည့် နေရာ အများအပြားတွင် ရေလွှမ်းမိုးမှုများနှင့် ကြုံခဲ့ရသည်ကို သိရှိရသည်။
ပုံများကိုကြည့်ရန်
85 photos
Social Buttons