Latest News

Dropdown Menu

Monday, August 26, 2013

အင်တာနက်လိုင်း တပ်ဆင်ရာမှ မမျှော်လင့်ပဲ ဓါတ်လိုက်သေဆုံး

၂၀၁၃ခုနှစ် သြဂုတ်လ ၂၆ ရက်၊ နေ့လည် ၂နာရီဝန်းကျင်က တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ကိုးထပ်ဟိုတယ်အနီး၊ အိမ်တစ်အိမ်အား ထိုင်းနိုင်ငံသားတစ်ဦးသည် အင်တာနက်လိုင်းတပ်ဆင်ပေးရာ သံပိုက်လုံးအား အောက်မှ အပေါ်သို့ ဆွဲယူတင်ရာမှ ဓါတ်လိုက်ကာ အဆိုပါထိုင်းနိုင်ငံသားမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံသား အသက် ၃၃ နှစ်ခန့်အရွယ်ရှိ အိုက်အွတ်သည် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အား အင်တာနက်လိုင်း တပ်ဆင်ပေးရန်အတွက် ရောက်ရှိလာပြီး တပ်ဆင်ရာမှာ အသုံးပြုရမည့် သံပိုက်လုံးအား အောက်မှ အပေါ်သို့ ဆွဲတင်ယူရာ မထင်မှတ်ပဲ သံပိုက်လုံးနှင့် မိန်းလိုင်းဓါတ်ကြိုး ထိမိပြီး ဓါတ်လိုက်သွားခဲ့ရာ ၀ဲ/ယာလက်ဖ၀ါးနှစ်ဖက် ညိုမဲမီးလောင်ဒဏ်ရာ နှင့်အတူ ခန္ဓာကိုယ်အနှံ့ညိုမဲအကွက်များဖြင့် အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း နှင့် အဆိုပါဖြစ်ပွားမှုအချိန်တွင် လျှပ်စစ်မီးမှာ မိနစ် ၃၀ နီးပါး ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်လောင်းအား ၎င်း၏ ဆွေမျိုးများက နေရပ်ဖြစ်သော ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ အမှတ်(၂)တံတားအနီးရှိ နေအိမ်သို့  မယ်ဆိုင်ချောင်းမှာ တဆင့် ပြန်လည်သယ်ဆောင်သွားကြောင်း သိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
« PREV
NEXT »