Writen by
Tachileik News Agency
7:42 AM
-
0
Comments
သြဂုတ်လ ၂၃ရက် နေ့လည် ၁၂နာရီက တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ၁၅၀၀ ကျပ်တန် တန်ဖိုးနည်း ဖုန်းကဒ်များဖြစ်သည့် GSM နှင့် CDMA 800MHz များကို မဲနှိုက်ပေးမှုများပြုလုပ်ရာ ည ၇နာရီ ၁၅မိနစ် အချိန်ခန့်က မဲနှိုက်မှု အစီအစဉ် ပြီးဆုံးခဲ့ကြောင်း သိရသည်။မဲနှိုက်မှုမစတင်မီမှာ မဲစာရွက်များကို အခမ်းအနားသို့ ရောက်ရှိလာကြသူ ဖုန်းကဒ်လျှောက်ကြသူများက မဲစာရွက်ခေါက်ကာ ဖလားအတွင်းသို့ထည့်ပြီး ထိုမှတဆင့် မဲနှိုက်ရန်အတွက် ပြုလုပ်ထားသော မဲပုံးထဲသို့ ထည့်ကြသည်။
မဲနှိုက်မှုမစတင်မီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ဖုန်းကဒ်အရေအတွက်နှင့် ရပ်ကွက်အလိုက်
လျှောက်ထားမှု အရေအတွက်များအပြင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် နိုင်ငံရေး ပါတီအသီးသီးတို့မှ လျှောက်ထားကြသော လျှောက်လွှာစာရင်းများကို အခမ်းအနားသို့ ရောက်ရှိလာကြသည့် ပြည်သူများအား ဖတ်ကြားရှင်းလင်းခဲ့ပြီး၊ တာချီလိတ်မြို့အတွက် ဖုန်းကဒ်ရရှိမှုမှာ GSM ၆၀၀ ကဒ်နှင့် CDMA 800MHz ၂၅၀၀ ကဒ် စသည့် ဖုန်းကဒ် နှစ်မျိုးရရှိမှုကြောင့် ဖုန်းကဒ်မဲပေါက်သူများအတွက် ဦးဆုံးမဲပေါက်သူ ၆၀၀ ဦးအား GSM ရရှိမှာဖြစ်ပြီး ကျန်မဲပေါက်သူများအတွက် CDMA ရရှိမှာဖြစ်ကြောင်း နှင့် ယခု လာရောက်လျှောက်ထားသော
လျှောက်လွှာစာရင်းမှာ ၇၀၀၀ကျော်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ မဲနှိုက်ရာတွင် အခမ်းအနားသို့ ရောက်ရှိလာသည့် ဖုန်းကဒ်လျှောက်ထားသူ နှစ်ဦး တစ်တွဲစီမှ မဲနှိုက်ခဲ့ကြသည်ကို တွေ့ရှိရသည်။
ယခုအကြိမ်တွင် ဖုန်းကဒ်ချထားပေးမှုမှာ GSM နှင့် CDMA နှစ်မျိုးပါဝင်တာကြောင့် "တာချီလိတ်အနေနဲ့ကတော့ CDMA ပဲဖြစ်ဖြစ် GSM ပဲဖြစ်ဖြစ် ဒီနယ်မြေ လူထုတွေကတော့ ဆက်သွယ်ရေးကောင်းတဲ့ ဘာကဒ်ဖြစ်ဖြစ် လက်ခံဖို့ရှိပါတယ်၊ ဦးလေးတို့ကတော့ CDMA ပဲရရ၊ GSM ပဲရရ မဲပေါက်တာယူမှာပဲ"ဟု ၀မ်ကောင်းရပ်ကွက်နေ ဦးဒေးဗစ်မှ တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။
{ ဖုန်းကဒ် မဲနှိုက်နေကြသည့် မြင်ကွင်း }
ပေါက်မဲစာရင်းများကို ယခင်အကြိမ်များနည်းတူ မြို့နယ် ထွေ/အုပ်ရုံးအပြင် သက်ဆိုင်ရာ ရပ်ကွက်ရုံးများနှင့် တာချီလိတ်အွန်လိုင်းတွင် ဖော်ပြပေးပါမည်။
ပုံများကိုကြည့်ရန်
17 photos
22 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Social Buttons