Writen by
Tachileik News Agency
7:46 AM
-
0
Comments
လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် ဦးဆောင်သော အဖွဲ့သည် စက်တင်ဘာ ၆ ရက်မှ ၈ ရက်နေ့ထိ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရသူများနှင့် ပတ်သက်၍ တွေ့ဆုံရန်အတွက် စက်တင်ဘာ ၅ ရက်နေ့က တာချီလိတ်မြို့ သို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။ထိုသို့ ရောက်ရှိလာပြီးနောက် ညနေ ၄နာရီ ၃၀ မိနစ်က ဆင်ဖြူမင်း ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ လယ်ယာမြေ နှင့် အခြားမြေများသိမ်းဆည်းခံရသူများနှင့် ဦးစွာ တွေ့ဆုံပြီး အဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် အပါအ၀င် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းမောင် နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးတို့မှ တရားစီရင်ရေးအာဏာ နှင့် လယ်ယာမြေသိမ်းဆည်းခံရမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် လယ်ယာမြေ နှင့် အခြားမြေသိမ်းဆည်းခံရသူများမှ မိမိတို့၏ အခက်အခဲများကို တင်ပြရာ ၀မ်မိုင်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်မှ ကျောင်းတိုက်အတွင်း သိမ်တော်နေရာနှင့် ပတ်သက်၍လည်း သိမ်းဆည်းခံရမှုအပြင် အခြားမြေသိမ်းဆည်းခံရမှုတို့ကို မိန့်တော်မူပြီး၊ ဦးရွှေလှဝင်းမှလည်း မိမိတို့၏ မြေနေရာ ဖယ်ရှားပေးရပြီး အခက်အခဲများ ဖြစ်ပေါ်ကြောင်းကို အဆိုပါ အဖွဲ့ထံ တင်ပြသည်။ ဆက်လက်၍ လေယာဉ်ကွင်းလမ်းဘေးရှိ
မြေကိစ္စများနှင့်၊ အခြားသောနည်းများဖြင့် ခြိမ်းခြောက်မြေသိမ်းမှုများ စသည့် လယ်ယာမြေ သိမ်းဆည်းခံရမှုများကို တင်ပြကြခဲ့ကြသည်။
"ဆင်းရဲတဲ့ လူတွေက ဒုက္ခရောက်တယ်၊ ချမ်းသာတဲ့လူတွေက ငွေပေးရင်ပြီးတဲ့ သဘောဖြစ်နေတယ်၊ သမာသမတ်ကျတဲ့ တရားစီရင်ရေးတွေ ကျွန်တော်တို့ လူတန်းစားအတွက် တကယ်ကို လိုအပ်နေပြီဗျာ..."ဟု နေအိမ်မှ မြေသိမ်းဆည်းခံရသူ တိုင်းရင်းသားအမျိုးသားတစ်ဦး မှ တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။
လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်အဖွဲ့သည် တာချီလိတ်မြို့တွင် လယ်ယာမြေသိမ်းဆည်းခံရသူများနှင့် တွေ့ဆုံ၍ အခက်အခဲများကို စုံစမ်းပြီး
ပြန်လည်တင်ပြနိုင်ရန် အတွက် ရောက်ရှိလာတာဖြစ်ပြီး ယနေ့ ဦးစွာတွေ့ဆုံမှုသည် စက်တင်ဘာ ၆ရက်နေ့၌ တွေ့ဆုံရန်အတွက် အသိပေးရှင်းလင်းခြင်း ဖြစ်ကြောင်း သိရသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Social Buttons