Writen by
Tachileik News Agency
11:06 PM
-
0
Comments
တာချီလိတ် - မိုင်းဆတ်သွားလမ်း၊ ဖဟိကျေးရွာအနီးရှိ ကားလမ်းတစ်နေရာတွင် စက်တင်ဘာလ ၅ ရက်နေ့ ညက မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ရာ တောင်ကျရေများကြောင့် ချောင်းငယ်အတွင်း ရေလျှံပြီး လမ်းပေါ်သို့ ရေများရောက်ရှိလာမှုကြောင့် စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှာ လမ်းတစ်ဖက် မြေသားပြိုကျ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ လတ်တလောတွင် ကားကြီးများသွားလာလို့ မရကြောင်း သိရှိသည်။ထိုသို့ဖြစ်ပွားရာသို့ ရွာသားများ၏ အသိပေးမှုကြောင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် ကြည့်ရှု့ခဲ့ကြပြီး လမ်းအား ပုံမှန်အတိုင်း သွားလာလို့ ရရှိနိုင်ရန်အတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထိုသို့မဆောင်ရွက်မီ လတ်တလောတွင် ကားနှင့်ဆိုင်ကယ်များ သတိရှိစေရန်အတွက် အနီးအနား ဖြတ်သန်းသွားလာသော ရွာသားများ၏ အကူအညီရယူကာ ကျောက်တုံးများဖြင့် ပြိုကျနေသော လမ်း၏ ဘေးပတ်လည်အား အန္တရာယ်ရှိကြောင်း သတ်မှတ်စေခဲ့ကြသည်။
{ သတင်းမှတ်တမ်း ဗီဒီယို}
တာချီလိတ် - မိုင်းဆတ်သွားလမ်းတွင် ပြီးခဲ့သော သြဂုတ်လ ၁၁ ရက်နေ့က မိုးများ ဆက်တိုက်
ရွာသွန်းမှုတို့ကြောင့် တောင်ပြိုမှုလည်း ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရှိရသည်။
ပုံများကြည့်ရန်
12 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬


Social Buttons