Writen by
Tachileik News Agency
9:42 AM
-
0
Comments
စက်တင်ဘာလ ၅ ရက်နေ့ ညက မိုးရွာသွန်းမှုကြောင့် စက်တင်ဘာလ ၆ ရက်၊ နေ့လည်ပိုင်းမှစ၍ ညနေထိ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုရှိ ဆီလီငေါ့ နှင့် အနီးအနားရှိ ကျေးရွာများအတွင်း ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ရာ အချို့နေရာများတွင် အမြင့် ၅ ပေခန့်ရှိပြီး အချို့နေရာများတွင် အမြင့် ၃ပေခန့် ရှိကြောင်း သိရသည်။ရေလွှမ်းမိုးမှုဖြစ်ပွားရာ ကျေးရွာများသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေမျိုးထွဋ် ၊ ခရိုင်လ၀က ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့ ဦးဆောင်သော သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ အပါအ၀င် လူမှုကူညီရေးအသင်းအဖွဲ့များ စသည့်အဖွဲ့များမှ သွားရောက်ပြီး ရေသန့်ဗူးများ နှင့် ခေါက်ဆွဲခြောက်များ၊ ကြက်ဥများ ပေးဝေခဲ့ကြပြီး လိုအပ်သည့် ကယ်ဆယ်မှုများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
ရေဘေးသင့် ကျေးရွာသား/သူများအား သောက်ရေသန့်များ ပေးဝေငှနိုင်ရန်အတွက် တာချီလိတ်မြို့ သောက်ရေသန့်လုပ်ငန်းရှင်များအသင်းမှ သောက်ရေသန့် ၂၅၀ ကဒ် နှင့် အဆွေတော်မီနီမတ်မှ ခေါက်ဆွဲခြောက်များကို တဆင့် ပေးအပ်လှူဒါန်းကြပြီး နိုင်ငံရေးပါတီများ နှင့် လူမှုကူညီရေး အသင်းများမှလည်း အစားအစာများ ပေးအပ်ကာ ကူညီမှုများ ဆောင်ရွက်ပေးနေကြသည်ကိုလည်း တွေ့ရှိရသည်။
{ မီးသတ်တပ်ဖွဲ့ဝင် နှင့် ရဲတပ်ဖွဲ့ဝင်မှ ကျောင်းသား/သူများအား ဖောင်ဖြင့် ပို့ဆောင်ပေး }
မိုင်းကိုးကျေးရွာအုပ်စုတွင် နှစ်စဉ်ရေကြီးသော်လည်း ယခုလို ဆိုးဆိုးရွားရွား မဟုတ်ပဲ အနည်းငယ်သာကြီးကြောင်းနှင့် ယခုလို ရေကြီးမှုသည် မိုင်းကိုးကျေးရွာအုပ်စု၏ ဒုတိယအကြိမ်မြောက် ရေလွှမ်းမိုးမှု ဖြစ်ကြောင်း သိရသည်။
ယခုလို ရေလွှမ်းမိုးမှုကြောင့် လူနေအိမ်များနှင့် အိမ်မွေးတိရစ္ဆာန်များ ပျက်စီး၊ ပျောက်ဆုံး၊ သေဆုံးခြင်း မရှိကြောင်းလည်း သိရှိရသည်။
ပုံများကိုကြည့်ရန်
124 photos
90 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
.jpg)
.jpg)
.jpg)
Social Buttons