Latest News

Dropdown Menu

Wednesday, September 11, 2013

မယ်လိပါကော်ရွာ၌ ဘိန်းဖြူ၊ ဘိန်းစိမ်း၊ စိတ်ကြွရူးသွပ် ဆေးပြားနှင့် ရိုက်နှိပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ဖမ်းဆီးသိမ်းဆည်းရမိ

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိပါကော်(အထက်)ရွာတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၃ပြား၊ ဘိန်းဖြူ ၆.၃ ဂရမ်၊ ဘိန်းစိမ်း ၂၇၀ ဂရမ် နှင့် စိတ်ကြွဆေးပြားများ ရိုက်နှိပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းအား စက်တင်ဘာလ ၁၀ ရက်၊ ညနေ ၅နာရီခွဲအချိန်ခန့်က တရားခံနှင့်အတူ တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိပါကော်(အထက်)ရွာရှိ ဦးအားxxxx၏ နေအိမ်အား သတင်းအရ တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ၀င်ရောက်ရှာဖွေရာ အဆိုပါ မူးယစ်ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိရ၍ တရားခံဖြစ်သူ နှင့်အတူ မူးယစ်ဆေးဝါးများအား ဖမ်းဆီးသိမ်းဆည်းခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိသူ အသက် ၅၃နှစ်အရွယ် တရားခံ ဦးအားxxxx အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၁၁/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၁၆(ခ) အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
« PREV
NEXT »