Latest News

Dropdown Menu

Wednesday, September 11, 2013

တာချီလိတ်မြို့ Mini Bookcorner များအား စာအုပ်များ ထပ်မံဖြည့်ဆည်း

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာချီလိတ်ခရိုင်ရုံးမှ ပြည်သူကို ဗဟိုပြုသောပြည်သူအသိ ပညာပေးရေးလုပ်ငန်းဖြစ်သည့် Mini Bookcorner များကို မြန်မာ့စီးပွားရေးဘဏ်၊ ပြည်သူ့ဆေးရုံ၊ပြည်တွင်းအခွန်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်မှတ်ပုံတင်ရေးဦးစီးဌာန ရုံးများနှင့် အိမ်တွင်းမှု သက်မွေးပညာကျောင်းတို့တွင်ထား ရှိပေးရာ စက်တင်ဘာ ၁၀ ရက် နေ့တွင် တတိယအကြိမ်အဖြစ် အတွဲ(၁)အမှတ်(၃) စာအုပ်များထပ်မံ ဖြည့်ဆည်းပေးသည်။


ယခု ထပ်မံဖြည့်ဆည်းသည့် စာအုပ်များသည်လည်း ပညာရပ်(၁၂)မျိုးအတွက် တစ်မျိုး လျှင် စာအုပ် ၅ အုပ်စီဖြင့် စာအုပ်ပေါင်း ၆၀ အုပ်ထပ်မံဖြည့်ဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယင်းသို့ စာအုပ်များဖြည့်ဆည်းရာတွင် အိမ်တွင်းမှုကျောင်းမှ ကျောင်းသူများအနေဖြင့် အသစ်ရောက်ရှိသည်နှင့်  Mini Bookcornerအား အလုအယက် ဖတ်ရှုသည်ကို တွေ့မြင်ရသည်။ Mini Bookcorner စာအုပ်များ ထားရှိပေးခြင်းနှင့် ပတ်သက်ပြီး ကျောင်းသူတစ်ဦးက ကျမ တို့သည် ကျေးရွာများမှ လာရောက်သောသင်တန်း သူများဖြစ်ကြောင်း၊ အားလပ်တဲ့အချိန်များမှာ အခုလို Mini Bookcorner များရှိစာအုပ်များဖတ်ရှုရသည့်အတွက် ကျမတို့ မသိသေးသော အကြောင်းအရာများ သိရှိရပါကြောင်း၊ အခုလို အားလပ်တဲ့အချိန်လေးမှာ  စာအုပ်များ ဖတ်နေရလို့ အားလပ်တဲ့အချိန်လေးဟာ တန်ဖိုးမဖြတ်နိုင်ပါကြောင်း စသည်ဖြင့်ပြောကြားလာသည်။
သတင်းပေးပို့သူ။    ။ မောင်ဆွေငြိမ်း

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
« PREV
NEXT »