Latest News

Dropdown Menu

Sunday, September 22, 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်ခြင်း ၂၅နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနားအား တာချီလိတ်၌ ကျင်းပရန် အစီစဉ်ရှိ

စက်တင်ဘာလ ၂၇ရက်နေ့တွင် ကျရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၅နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနားအား ကျင်းပနိုင်ရေးအတွက် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ စက်တင်ဘာလ ၂၃ရက်၊ နံနက် ၁၀နာရီအချိန်က အစည်းအဝေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။



အဆိုပါ အစည်းအဝေးတွင် အဖွဲ့ချုပ်အဖွဲ့ဝင်အများစု၏ သဘောဆန္ဒအရ ထိုနေ့ နံနက် ၉နာရီတိတိတွင် ရုံးခန်းမဆောင်၌ အခမ်းအနားကျင်းပပြီး တာချီလိတ်မြို့ ပြည်သူ့ဆေးရုံသို့ စုပေါင်းသွေးလှူပွဲ ကျင်းပပြုမည်ဖြစ်ကြောင်းနှင့် အခမ်းအနားတွင် တာချီလိတ်ရှိ ပြည်သူများမှလည်း မည်သူမဆို အဆိုပါ စုပေါင်း သွေးလှူဒါန်းပွဲတွင် ပါဝင်ကုသိုလ်ယူ၍ လှူဒါန်းနိုင်ကြောင်းလည်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
« PREV
NEXT »