Latest News

Dropdown Menu

Sunday, September 22, 2013

တာချီလိတ်မြို့ ၀ိန်းကျောက်(အာခါ)ရွာ၌ ကျပ်ငွေ ၂၃သိန်းခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် ဟောင်လိတ်ကျေးရွာအုပ်စု၊ ၀ိန်းကျောက်(အာခါ)ရွာရှိ နေအိမ်တစ်အိမ်၌ မူးယစ်ဆေးဝါးများကို တရားခံနှင့်အတူ ၂၀၁၃ခုနှစ် စက်တင်ဘာလ ၂၁ရက်နေ့၊ ညနေ ၃နာရီအချိန်က ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။


ဖြစ်စဉ်မှာ တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ၀ိန်းကျောက်(အာခါ)ရွာအတွင်း အသက် ၆၀နှစ်ရှိ ဦးလောက်xxxxx၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်စီးနင်းရှာဖွေရာ ကာလတန်ဖိုး ကျပ် ၂၃သိန်းရှိသည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၁၁၅၀ပြား နှင့် အိုက်စ်(ရေခဲ) အဖြူရောင်ပုံဆောင်ခဲ ၁.၅ ဂရမ်တို့အား ရှာဖွေတွေ့ရှိရ၍ တရားခံဖြစ်သူနှင့်အတူ မူးယစ်ဆေးဝါးများအား ဖမ်းဆီးသိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသော ဦးလောက်xxxxx အား တာချီလိတ်မြို့မ ရဲစခန်း၊ မယ(ပ)၁၁၇/၂၀၁၂၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
« PREV
NEXT »