Latest News

Dropdown Menu

Tuesday, September 3, 2013

တာချီလိတ်၌ ဆက်သွယ်ရေး တာဝါတိုင် မလုံလောက်မှုတို့ကြောင့် ဖုန်းခေါ်ဆိုရာ၌ အခက်အခဲဖြစ်နေ

တာချီလိတ်မြို့တွင် ၂၀၁၃ခုနှစ် ဧပြီလမှစ၍ ယနေ့အချိန်ထိ ၁၅၀၀ ကျပ်တန် တန်ဘိုးနည်း GSM များ နှင့် CDMA 800Mhz ဖုန်းကဒ်များကို အများပြည်သူများအား ရောင်းချပေးနေသည့်အတွက် အများပြည်သူများမှ ကျေးဇူးတင်နေကြသည်ဖြစ်သော်လည်း  လက်ရှိအနေအထားနှင့် မလုံလောက်တော့သည့် တာဝါတိုင်၏ ဖြန့်ကျက်မှုလိုင်းပဏာမ နည်းပါးမှုနှင့် လုံလောက်မှုမရှိခြင်းတို့ကြာင့် ဖုန်းခေါ်ဆိုရာ၌ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

"တာချီလိတ်မြို့မှာ GSM ကိုသုံးလို့ လုံးဝ အဆင်မပြေဘူးဖြစ်နေတယ်၊ တဖက်ကို ဆက်ရင်လဲ တစ်ခွန်းပြောလိုက် လိုင်းကျလိုက်နဲ့ ကိုယ့်ဆီ ဖုန်းဝင်လာရင်လဲ ကိုင်လို့မရဖြစ်နေပါတယ်ရှင်"ဟု အမျိုးသမီးတစ်ဦးမှ တာချီလိတ်အွန်လိုင်း၏ Facebook သို့ ပြောကြားလာသည်။

"အရင်တုန်းကတော့ တာချီလိတ်မှာ မြန်မာဖုန်း သိပ်ပြီးတော့ သုံးမလိုဘူးဆိုပေမဲ့၊ အခုတော့ လူတိုင်းလိုနေကြပါပြီ၊ အဲ့လို လိုနေတဲ့အတွက် ဖုန်းကဒ်တွေ ချထားပေးတာကိုတော့ ကျေးဇူးတင်ပါတယ်ဗျာ၊ ခက်တာက တာဝါတိုင်တွေ မလုံလောက်တာ ခက်တာပဲ၊"ဟု ဆန်ဆိုင်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောလာသည်။

"GSM က ဘယ်လိုမှမရဘူး။ ၀င်လာလည်း ကိုင်လိုက်တာနဲ့ တစ်ခွန်းပြော ကျပြီ၊ အ၀င်ရော အထွက်ရော ကျကျသွားတယ်၊ တစ်ခါတစ်လေ ဖုန်းပါ ဟမ်းသွားတာ၊ power ပိတ်ပြီး ပြန်ဖွင့်မှရတယ်၊
CDMA တော့ ဆက်လို့ရနေတယ်၊"ဟု ရွှေတိဂုံဘုရားလမ်းရှိ လုပ်ငန်းရှင်တစ်ဦးမှလည်း ပြောဆိုလာသည်။

"ကျွန်တော့်မှာ ဖုန်းကဒ်မဲပေါက်ထားပေမဲ့ ရွာကို ဆက်ဖို့ကို လိုင်းကမမိဘူး၊ မိပြန်တော့လည်း ဟဲလို..ဟဲလို ပဲ ပြောလို့ရတယ်၊ ငွေသာကုန်သွားတယ်၊ အသံကြည်ကြည်လင်လင်မကြားရဘူး၊ တာချီလိတ်မြို့မှာ တာဝါတိုင်တွေ လုံလုံလောက်လောက် စိုက်ထူပေးနိုင်မယ်ဆိုရင် ကောင်းမှာပဲဗျာ"ဟု ပါလျှံ (၂) မှ အမျိုးသားတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။

တာချီလိတ်မြို့ရှိ ပြည်သူလူထုမှ လက်ရှိတွင် GSM, CDMA 800MHz, CDMA 450 MHz နှင့် WCDMA တို့ကို သုံးစွဲနေလျှက်ရှိကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
« PREV
NEXT »