Latest News

Dropdown Menu

Wednesday, September 4, 2013

တာချီလိတ်မြို့ရှိ 'စင်ရွှင်'မုန့်တိုက်မှ မွေးနေ့ ကိတ်မုန့်များအား Facebook တွင် ကြည့်ရှု့ရွေးချယ်နိုင်


Myanmar Phone: 09-5242300 | Thai Phone: 081-1583900


တာချီလိတ်မြို့တွင် ၂၀၀၆/၂၀၀၇ခုနှစ်ခန့်မှ စ၍ မွေးနေ့ကိတ်အမျိုးမျိုး နှင့် ပေါင်မုန့်အမျိုးမျိုး ရောင်းချပေးနေလျှက်ရှိသော 'စင်ရွှင်'မုန့်တိုက် အား ယခုအခါမှာ ဆိုင်ခွဲ ၃ဆိုင်အဖြစ်  အမှတ်(၁) ချစ်ကြည်ရေးတံတားထိပ်၊ ဆန်ဆိုင်း(က) ဆန်ဆိုင်းဈေးအနီး နှင့် ရွှေပြည်သာဈေးတွင်လည်း ဖွင့်လှစ်ထားရှိပြီး အလုပ်အကိုင်လိုသော လူငယ်များအနေဖြင့် တွန်းလှည်းများဖြင့် ရောင်းချပေးနိုင်ရန်အတွက်လည်း စီစဉ်ပေးလျှက်ရှိကြောင်း သိရသည်။

'စင်ရွှင်'မုန့်တိုက်
တွင် မွေးနေ့ကိတ် အမျိုးမျိုးကို အရွယ်အစား အလိုက်ရောင်းချပေးနေလျှက်ရှိပြီး၊ အထူးကိတ်အဖြစ် နှစ်ထပ်၊ သုံးထပ်၊ လေးထပ် စသည့်ထပ်ဆင့်ကိတ်များကို မှာယူပါက အိမ်ထိအရောက် ပို့ဆောင်ပေးကြောင်း သိရသည်။


'စင်ရွှင်'မုန့်တိုက်အား ဆိုင်ခွဲ ၃ ဆိုင်အနေဖြင့် အမှတ် (၁)ချစ်ကြည်ရေးတံတားအနီး၊ ဒီပါကျော်ဈေး တွင်လည်းကောင်း၊ ဗိုလ်ချုပ်လမ်း၊ ဆန်ဆိုင်းဈေးအနီး၊ ဆန်ဆိုင်း(က)တွင် လည်းကောင်း၊ ရွှေပြည်သာဈေး၊ မယ်ခေါင်ရပ်ကွက်တွင်လည်းကောင်း တိုးချဲ့ဖွင့်လှစ်ထားလျှက်ရှိပြီး မုန့်များကိုတော့
ရွှေပြည်သာဈေးအနီးမှာ ပြုလုပ်တာဖြစ်ကြောင်း သိရသည်။


{ မွေးနေ့ကိတ်မျိုးစုံ}


'စင်ရွှင်'မုန့်တိုက်မှ တာချီလိတ်မြို့တွင် ဆိုင်ခွဲ ၃ ဆိုင်အနေဖြင့် ဖွင့်လှစ်ထားသည့်အပြင် မွေးနေ့ကိတ်များကို မှာယူလိုပါက Facebook တွင်လည်း ကြိုတင်ရွေးချယ်နိုင်ရန်အတွက် စီစဉ်ထားကြောင်း သိရသည်။

" 'စင်ရွှင်'မုန့်တိုက်မှာ မွေးနေ့ကိတ် မှာယူချင်တယ်ဆိုရင်  Facebook သုံးစွဲသူများအနေနဲ့ ကြိုတင်ကြည့်ရှု ရွေးချယ်နိုင်ရန်အတွက် ဖော်ပြပေးထားပါတယ်၊ ကိတ်မှာယူသူများ အနေနဲ့ ကိတ်မုန့်ရဲ့ နံပါတ်ကို မှတ်လာပြီး၊ လာမှာလို့ရနိုင်ပါတယ်၊"ဟု အရောင်းတာဝန်ခံမှ ပြောပြသည်။

{ ကိတ်မုန့် ၆ လုံး ပြည့်လျှင် ၁လုံးလက်ဆောင်ရမည့် VIP ကဒ် }

'စင်ရွှင်'မုန့်တိုက်မှ မွေးနေ့ကိတ်များ ၀ယ်ယူအားပေးသူများအတွက်လည်း ကိတ်မုန့် ၆ လုံး ၀ယ်ယူပြီးပါက မေတ္တာလက်ဆောင်အဖြစ် ကိတ်မုန့် ၁ လုံး လက်ဆောင်ပေးသည့် VIP ကဒ်လည်း ပြုလုပ်ထားကြောင်း သိရသည်။

{ တွန်းလှည်းဖြင့် စီစဉ်ပေးထားပုံ }

အလုပ်အကိုင်လိုအပ်နေသော လူငယ်များအနေဖြင့်လည်း 'စင်ရွှင်'မုန့်တိုက်မှ တွန်းလှည်းဖြင့် မုန့်များ လှည့်လည်ရောင်းနိုင်ရန်အတွက် စီစဉ်ပေးကြောင်းနှင့် ထိုသို့ ဈေးရောင်းလိုသူများအနေဖြင့် ၎င်းတို့၏ ဆိုင်သို့ လာရောက်ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။

 'စင်ရွှင်'မုန့်တိုက်မှ နာမည်ကြီးမုန့်တစ်မျိုးဖြစ်သော ဒါးမိုက် မုန့်သည် လူကြိုက်များပြီး အရောင်းသွက်သော မုန့်ဖြစ်ကြောင်းလည်း သိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Flag Counter
Tachileik Online News
အွန်လိုင်းကြော်ငြာဝန်ဆောင်မှု
Thai: 084 5225713
Myanmar: 094 500 46600
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
« PREV
NEXT »