Latest News

Dropdown Menu

Saturday, September 7, 2013

ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ် ဖွင့်လှစ်

တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ်ဖွင့်ပွဲကို စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းက ဖွင့်လှစ်ပွဲအဖြစ် ပြုလုပ်ရာတွင် ဦးစွာ သံဃာတော်အရှင်သူမြတ် ၅ ပါးအား ပင့်ဖိတ်၍ ဆွမ်းဆက်ကပ်လှူဒါန်းကာ ရေစက်ချတရားနာပြီး အခမ်းအနားအား စတင်ရာ ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အခမ်းအနားသို့ တက်ရောက်လာသော ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ခရိုင်/မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာများ အပါအ၀င် အလှူရှင်များ နှင့် လူမှုရေးအသင်းအဖွဲ့များအား အဆောက်အဦသစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ အဆောက်အဦ ဆောက်လုပ်ရန်အတွက် ပါဝင် လှူဒါန်းကြသော အလှူငွေစာရင်များ အပါအ၀င် ကုန်ကျမှုများကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ အဆိုပါအဆောက်အဦးသစ်အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။


"အရင်တုန်းက မိုးရွာပြီးဆိုရင် ရုံးထဲကို ရေတွေစီးလာတယ်၊ ပြည်သူ့စစ်တွေ၊ ကင်းသမားတွေလည်း အိပ်လို့ မရဘူး၊ အခုတော့ အသစ်ပြန်လည် တည်ဆောက်လိုက်တဲ့အတွက် ပြည်သူ့စစ်တွေ၊ ကင်းသမားတွေ အတွက် အိပ်ဖို့နေရာလည်း အဆင်ပြေသွားသလို၊ ရုံးအတွက်လည်း အဆင်ပြေသွားပါတယ်၊ အခုလို ရုံးအဆောက်အဦးကို အသစ်ပြန်ဆောက်နိုင်ရန်အတွက် ပါဝင်လှူဒါန်းကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်"ဟု ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်အွန်လိုင်သို့ ပြောကြားလာသည်။


"အခုတော့ ကျွန်တော်တို့ ရပ်ကွက်ရုံးက အရင်နဲ့တခြားစီဖြစ်သွားပြီး ခမ်းခမ်းနားနားနဲ့ဆိုတော့ သိပ်သဘောကျတယ်ဗျာ၊ အခုလိုမျိုး ရုံးအတွက် အဓိက ဦးစားပေးဆောင်ရွက်ပေးတဲ့ ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းကိုလည်း ကျေးဇူးတင်ပါတယ်"ဟု ၀မ်ကောင်းရပ်ကွက်သား တစ်ဦးမှ ပြောကြားလာသည်။

ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ်အား ၁၆.၆.၂၀၁၃ က စ၍ စတင်တည်ဆောက်လာခဲ့ရာ ဆောက်လုပ်မှု အချိန်ကာလမှာ ၃လအတွင်း ပြီးစီးစေခဲ့တာဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ် ဖွင့်လှစ်
45 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
« PREV
NEXT »