Writen by
Tachileik News Agency
9:35 AM
-
0
Comments
၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၇ရက် နေ့လည် ၁၁နာရီခွဲ အချိန်ခန့်က ကျိုင်းလပ်မြို့နယ်ခွဲ၊နမ့်ခင်းကျေးရွာရှိ ရွာလယ်လမ်းပေါ်၌ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် နယ်မြေခံတပ်တို့ ပူးပေါင်းသော အဖွဲ့မှ ကျပ်သိန်းပေါင်း ၄၃၆သိန်းခန့် တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈၀၀ ပြားများအား တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။အဆိုပါ ကားပေါ်တွင် ပြည်သူ့စစ် ယူနီဖောင်းဝတ်ဆင်ထားသည့် ယာဉ်မောင်းတစ်ဦးနှင့် ကျန်တစ်ဦးကို တွေ့ရှိရပြီး ကားနောက်ခန်းသို့ ရှာဖွေရာ LEO ဘီယာစက္ကူဂျပ်ဖာ အတွင်း၌ မိုင်းခံစက္ကူပတ်လျှက် အပြာရောင် ပလပ်စတစ်အိတ်ငယ်များဖြင့် ထည့်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀၀ ပြားစီပါသည့် ၁၀ ထုပ်နှင့် ဆေးပြား ၂၀၀ ပြားစီပါသည့် ၉ ထုပ် စုစုပေါင်း ဆေးပြား ၂၁၈၀၀ ပြားရှိပြီး အဆိုပါ ဆေးပြားများ၏ စုစုပေါင်း ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၄၃၆သိန်းခန့်ရှိကြောင်း နှင့် မူးယစ်ဆေးဝါးနှင့်အတူ တရားခံနှစ်ဦးအား ဖမ်းဆီး သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် မိုင်ခမ်းxxx နှင့် အိုက်ကောင်xxx တို့ နှစ်ဦးအား မိုင်းပါလျှိုးရဲစခန်းမှ မယ(ပ) ၄/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Social Buttons