Latest News

Dropdown Menu

Wednesday, October 30, 2013

၇၇ ကြိမ်မြောက် နယ်ခြားကော်မတီ အစည်းအဝေး၌ မူးယစ်ကိစ္စ အထူးဆွေးနွေး

မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ရေးကို ဦးတည်လျှက် မြန်မာ - ထိုင်း နယ်ခြားကော်မတီ၏ ၇၇ ကြိမ်မြောက် အစည်းအဝေးအား ၂၀၁၃ခုနှစ် အောက်တိုဘာလ ၃၀ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့ရှိ ဇန်းမွန်အာခါဟိုတယ်၌ ကျင်းပပြုလုပ်ရာ နှစ်ဖက် နယ်ခြားကော်မတီ၏ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံ အဓိက
ဆွေးနွေးချက်မှာ မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍ လက်ရှိ တာချီလိတ် - မယ်ဆိုင် နယ်စပ်ဒေသ တစ်လျှောက်မှာ မူးယစ်ဆေးဝါး
ပြန့်ပွားနေသည့်အတွက် စိုးရိမ်ရသော အခြေအနေဖြစ်ပေါ်နေပြီး အရေးပေါ် ကိစ္စအဖြစ် နှစ်နိုင်ငံ ကူညီဖြေရှင်းကျရမည် ဖြစ်ကြောင်း၊ ယခု တစ်လ နှစ်လအတွင်း၌ နယ်စပ်မှာ မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းမိခြင်းနှင့် ရင်ဆိုင် တိုက်ခိုက်နေရသည့် အတွက် ထိုင်း နယ်စပ်ဖက်က မူးယစ်ဆေးဝါးအ၀င်ကို ကြပ်မတ်ဖမ်းဆီးနေသလို မြန်မာနယ်စပ်ကလည်း မူးယစ်ဆေးဝါးများ ဖော်စပ်သော ဓါတုဆေးဝါး အ၀င်အထွက်ကို တားမြစ်ကြပ်မတ် ဖမ်းဆီးပေးရန် လိုကြောင်း ဆွေးနွေးသွားခဲ့သည်။

ဆက်လက်၍ နယ်စပ်တံတားအား နံနက် ၆နာရီမှ  ည ၁၂နာရီထိ တိုးမြှင့် ဖွင့်လှစ်ရန်အတွက် ဆွေးနွေးရာ အ၀င်အထွက်ရှိ လူများကို လုံခြုံရေးအတွက် လုံခြုံမှုပေးနိုင်ခြင်းနှင့် စစ်ဆေးခြင်း ကိစ္စတို့ကို
နှစ်ဖက်ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးသွားခဲ့သည်။

မယ်ဆိုင် - တာချီလိတ် ချစ်ကြည်ရေး အမှတ် (၁) တံတားအား နံနက် ၆နာရီ မှ ည ၁၂ နာရီအချိန်ထိ တိုးမြှင့် ဖွင့်လှစ်ရန်အတွက် ထိုင်းဝန်ကြီးဌာနမှ ဆုံးဖြတ်ရန် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရှိရသည်။


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »