Writen by
Tachileik News Agency
12:35 AM
-
0
Comments
တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့မှ မိုင်းဆတ်-တာချီလိတ် သွားလမ်းရှိ ဟွေရဲစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများပြုလုပ်နေစဉ်အတွင်း ကျပ်သိန်း ၂၀ ခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ၁၀၀၀ အား အောက်တိုဘာလ ၃ရက်နေ့၊ ညနေ ၆နာရီ ၄၅မိနစ်အချိန်ခန့်က တရားခံနှင့်အတူ ဖမ်းဆီးရမိခဲ့ကြကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စုရှိ ဟွေရဲစစ်ဆေးရေးဂိတ်တွင် တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့က အဆိုပါ ဂိတ်သို့ ဖြတ်သန်းသွားလာနေသော ယာဉ်များအား ရပ်တန့်ရှာဖွေ စစ်ဆေးမှုများပြုလုပ်နေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ အသက် ၅၈နှစ်အရွယ်ရှိ ဦးလီxxx သည် ဆိုင်ကယ်ဖြင့်မောင်းလာစဉ် ၎င်းအား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဦးလီxxx ၀တ်ဆင်ထားသော ရှပ်အင်္ကျီအတွင်းပိုင်းတွင် ကြိုးဖြင့်တွယ်၍ သိုဝှက်သယ်ဆောင်လာသည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား တစ်ထုတ်လျှင် ၂၀၀ ပြားစီပါသည့် အထုတ် ၅ ထုတ်အား ရှာဖွေတွေ့ရှိရ၍ အဆိုပါအဖွဲ့မှ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ဦးလီxxxအား ဖမ်းဆီးသိမ်းဆည်းခဲ့ကြကြောင်း သိရသည်။
ဖမ်းဆီးရမိသူအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၂၀/၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရှိရသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Social Buttons