Writen by
Tachileik News Agency
2:00 AM
-
0
Comments
တာချီလိတ်မြို့နယ်၊ ၀မ်ကောင်းရပ်ကွက်ရှိ တာချီလိတ်ဟိုတယ်သွားလမ်းပေါ်တွင် တာချီလိတ်မူးယစ်(အထူး)မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် အောက်တိုဘာ ၄ရက်၊ နံနက် ၉နာရီအချိန်က သတင်းအရ စောင့်ဆိုင်းနေစဉ်အတွင်း လူငယ်နှစ်ဦး မောင်းလာသော ဆိုင်ကယ်တစ်စီးအား ရပ်တန့် စစ်ဆေးရှာဖွေရာ အဆိုပါ လူငယ်နှစ်ဦးထံမှ စိတ်ကြွဆေးပြား ၂၀၀၀ တွေ့ရှိရ၍ လက်ဝယ်တွေ့ရှိရသူ လူငယ်နှစ်ဦးနှင့်အတူ မူးယစ်ဆေးဝါးများအား ဖမ်းဆီးသိမ်းဆည်းခဲ့ကြကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါး သတင်းအရ အဆိုပါနေရာတ၀ိုက်၌် စောင့်ဆိုင်းနေစဉ်အတွင်း အသက် ၂၃နှစ်အရွယ်ရှိ မောင်ယောxxxx နှင့် အသက် ၁၈ နှစ်ရှိ မောင်လှxxx တို့ နှစ်ဦးမှ ဆိုင်ကယ်ဖြင့် မောင်းလာစဉ် အဆိုပါအဖွဲ့မှ ၎င်းတို့အား မသင်္ကာ၍ ရပ်တန့် စစ်ဆေးရှာဖွေရာမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂၀၀၀ အား တွေ့ရှိရကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ လူငယ်နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၂၁/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Social Buttons